Connect with us

Europe

5G အင်တာနက်အတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ရုရှားနိုင်ငံက စိတ်ဝင်စားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးပြော 

ဗြိတိန်နိုင်ငံလန်ဒန်မြို့ရှိ ဟွာဝေး 5G တီထွင်စမ်းသစ်မှု နှင့် ကျွမ်းကျင်မှုဆိုင်ရာ စင်တာ၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၈ ရက်တွင် ဖုန်းတစ်လုံးဖြင့် 5G မြန်နှုန်းအား ရှင်းလင်းပြသနေစဉ်(ဆင်ဟွာ)

မော်စကို ၊ ဩဂုတ် ၂၄ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသည် 5G နည်းပညာအတွက် တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားမှုရှိကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Sergei Lavrov ၏ ပြောကြားချက်ကို ကိုးကား၍ TASS သတင်းဌာနက ဩဂုတ် ၂၃ ရက်တွင် ဖော်ပြခဲ့သည်။

“ တရုတ်နိုင်ငံနဲ့ 5G ပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် ဟွာဝေးနဲ့ပူးပေါင်းဆောင်ရွက်မှုအတွက် ဘယ်သူမှ မလုပ်ကြဖို့ ထပ်တလဲလဲ ပြောနေတဲ့ အမေရိကန်ရဲ့ နမူနာပုံစံကို ကျွန်တော်တို့ လုံးဝ လိုက်လုပ်မှာ မဟုတ်ပါဘူး” ဟု အားလုံးပါဝင်သော ရုရှားလူငယ်ပညာရေးဖိုရမ်တွင် “Territory of Meanings” ဟူသည့် ခေါင်းစဉ်ဖြင့် တက်ရောက်ဆွေးနွေးစဉ် ရုရှားနိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ အခြားတစ်ဖက်ကနေပြီး ကျွန်တော်တို့ဟာ ခေတ်မီနည်းပညာတွေကို တီထွင်ဖန်တီးနေတဲ့ နိုင်ငံတွေနဲ့အပြန်အလှန်ပူးပေါင်းဆောင်ရွက်ဖို့ ၊ လက်တွေ့ကျတဲ့လူမှုဘဝထဲ နေထိုင်နိုင်ရေး အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ စိတ်ဝင်စားပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

သက်ဆိုင်ရာ ရုရှားအစိုးရ ဝန်ကြီးဌာနများ နှင့် ဦးစီးဌာနများအနေဖြင့် အဆိုပါ ခေတ်မီ နည်းပညာများကို ရုရှားနိုင်ငံအတွင်း ဖြန့်ဝေမှုပြုလုပ်ရာတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Lavrov ၏ ပြောကြားချက်အရ သိရသည်။ရုရှားနိုင်ငံ အပြင် တစ်ကမ္ဘာလုံးအတွက် 5G နည်းပညာသည် အလွန်အရေးပါသည့် ဆွေးနွေးစရာ ခေါင်းစဉ်တစ်ခုဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက မီးမောင်းထိုးပြောကြားခဲ့သည်။(Xinhua)