Connect with us

Europe

အမေရိကန်တွင် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ဗြိတိန်နိုင်ငံသား ၃ဦးသေဆုံး

အမေရိကန်နိုင်ငံ Grand Canyon တောင်ကြားတွင် ရဟတ်ယာဉ် တစ်စင်းပျက်ကျစဉ် (ဓါတ်ပုံ-အင်တာနက်)

လန်ဒန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ Grand Canyon တောင်ကြားတွင် ရဟတ်ယာဉ် တစ်စင်းပျက်ကျမှုကြောင့် ဗြိတိန်နိုင်ငံသား ၃ဦးသေဆုံးခဲ့ကြောင်း ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးရုံးက ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ရှိ Grand Canyon တောင်ကြားတွင် ကမ္ဘာလှည့်ခရီးသွား ရဟတ်ယာဉ် တစ်စင်း ပျက်ကျခဲ့ရာ ဗြိတိန်နိုင်ငံသား ၃ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးရုံး ပြောရေးဆိုခွင့်ရှိသူ Grand Canyon တောင်ကြား၌ ဖေဖော်ဝါရီ ၁၀ရက်တွင် ဖြစ်ပွားခဲ့သော ရဟတ်ယာဉ်ပျက်ကျမှုတွင် ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသော အခြားဗြိတိန်နိုင်ငံသား ၃ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး သေဆုံးဒဏ်ရာရရှိသူ ဗြိတိန်နိုင်ငံသားအားလုံး၏ မိသားစုများအား အထောက်အပံ့ပေးထားကာ အမေရိကန်အရေးပေါ်ဝန်ဆောင်မှုဋ္ဌာန နှင့်လည်း နီးကပ်စွာ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ရဟတ်ယာဉ်သည် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၀ ရက် ၁ရး၂၀နာရီ တွင် ပျက်ကျခဲ့ပြီး ပျက်ကျရခြင်းအကြောင်းရင်းကို ရှင်းလင်းစွာသိရှိခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါ ရဟတ်ယာဉ် အား ခရီးသွားလုပ်ငန်းတစ်ခုဖြစ်သည့် Papillon လေကြောင်းလိုင်း မှ ပိုင်ဆိုင်ခြင်းဖြစ်ကြောင်း သတင်းများ၌ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.