Connect with us

Europe

ရုရှာနိုင်ငံ၌ An-148 ဂျက်လေယာဉ်ပျက်ကျ ၊ ယာဉ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးဖွယ်ရှိ

ပုံစာ- ရုရှားနိုင်ငံ၌ ပျက်ကျသွားသော လေယာဉ်အားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုလေဆိပ်မှ ထွက်ခွာလာသော လူ ၇၁ ဦးလိုက်ပါလာသည့် လေယာဉ်သည် ပျံတက်ပြီး မကြာမီအချိန်အတွင်း ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း ၊ လေယာဉ်ပေါ်လိုက်ပါသူ ခရီးသည်များ နှင့် လေယာဉ်အမှုထမ်းအားလုံး အသက်ရှင်ကျန်ရစ်သူမရှိကြောင်း အရေးပေါ်ကယ်ဆယ်ရေးဌာနမှ သတင်းအရင်းအမြစ်က Interfax သတင်းအေဂျင်စီသို့ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ခရီးသည် ၆၅ ဦး နှင့် လေယာဉ်အမှုထမ်း ၆ ဦး လိုက်ပါလာသော Saratov လေကြောင်းလိုင်းမှ Antonov-148 ဂျက်လေယာဉ်သည် ရုရှားနိုင်ငံမော်စကိုမြို့Domodedovo လေဆိပ်မှ နိုင်ငံအနောက်ပိုင်း Orenburg ဒေသရှိ Orsk လေဆိပ်သို့ဦးတည်ပျံသန်းလာခဲ့ခြင်းဖြစ်သည်။

“ Argunovo ကျေးရွာအနီးမှာ လေယာဉ်ပျက်ကျသွားတာပါ။ လေယာဉ်အမှုထမ်းတွေရော ခရီးသည်တွေပါ အသက်ရှင်ကျန်ရစ်မယ့် အခွင့်အရေးမရှိပါဘူး” ဟု သတင်းအရင်းအမြစ်က ဆိုသည်။သေဆုံးသူ ၂ ဦး ၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်း Interfax သတင်းဌာန၏ နောက်ထပ် ဖော်ပြချက်တစ်ခု အရသိရသည်။

ရုရှားနိုင်ငံပို့ဆောင်ရေးဝန်ကြီးဌာနက Interfax သတင်းဌာနသို့ပြောကြားခဲ့ရာတွင် လူ့အမှား နှင့် ရာသီဥတုအခြေအနေများအပါအဝင် လေယာဉ်ပျက်ကျမှုဖြစ်ပွားနိုင်သည့် အကြောင်းတရားများစွာရှိကြောင်း ဆိုထားသည်။ရုရှားနိုင်ငံ စုံစမ်းထောက်လှမ်းရေးကော်မတီက လေယာဉ်ပျက်ကျမှုကို စတင်စုံစမ်းစစ်ဆေးလျက်ရှိပြီး ရုရှားနိုင်ငံပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Maksim Sokolov သည် အခင်းဖြစ်နေရာသို့သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.