Europe
အီကွေဒေါ တွင် အင်အား ၆.၇ ရှိ ငလျင် လှုပ်ခတ်

ပေကျင်း၊ မေ ၁၈ ရက် (ဆင်ဟွာ)
အီကွေဒေါ နိုင်ငံ Rosa Zarate မြို့မှ အနောက် – အနောက်မြောက်ဘက် ၃၄ ကီလိုမီတာ ကို ဗဟိုပြု၍ ရစ်ချ်တာ စကေး ၆.၇ ရှိ အင်အားပြင်း ငလျင် တစ်ခုသည် မေလ ၁၈ ရက် ဂင်းနစ် စံတော်ချိန် 07:57:04 တွင် လှုပ်ခတ် သွားခဲ့ကြောင်း အမေရိကန် ဘူမိဗေဒဆိုင်ရာ တိုင်းတာရေးဌာနက ပြောကြား ခဲ့သည်။
အင်အားပြင်း ငလျင်သည် မြောက်လတ္တီကျု ဝ.၄၁၆ ဒီဂရီ၊ အနောက် လောင်ဂျီကျု ၇၆.၇၆၄ ဒီဂရီရှိ မြေပြင်တွင် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)