Connect with us

Europe

လိမ္မော်သီးနှင့် စပျစ်သီးက အဝလွန်ခြင်းကို တိုက်ဖျက်ပေးနိုင်သည့် အဓိက သော့ချက်လား

အပြုံးမျက်နှာများ ပုံဖော်ထားသော လိမ္မော်သီးများအား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

လိမ္မော်သီးနှင့် စပျစ်သီးအား ပေါင်းစပ်လိုက်သည့်အခါ ထွက်ပေါ်လာသည့် ဓာတုပစ္စည်း ဒြပ်ပေါင်းသည် အဝလွန်ခြင်း၊ ဆီးချိုရောဂါနှင့် နှလုံးရောဂါများအား တိုက်ဖျက်ပေးနိုင်ကြောင်း ကျွမ်းကျင်သူများက ထုတ်ဖော် ပြောကြား လိုက်ကြောင်း Daily Mail သတင်းက ဖော်ပြထားသည်။

ယင်းဒြပ်ပေါင်း အား အနီရောင် စပျစ်သီးများ၊ လိမ္မော်သီးများနှင့် ၎င်းတို့ နှစ်မျိုး ပေါင်းစပ်ထားသည့် ဆေးပြား များတွင် တွေ့ရှိကြောင်း Warwick တက္ကသိုလ်မှ သုတေသီများက ရှာဖွေတွေ့ရှိခဲ့သည်။
“ဒီတွေ့ရှိမှုဟာ မယုံကြည်နိုင်လောက်တဲ့ တိုးတက်မှုဖြစ်ပြီး အဆိုပါ ရောဂါတွေကို ကုသရာမှာ ကြီးမားတဲ့ သက်ရောက်မှု ပေးနိုင်မဲ့ ကျွန်တော်တို့ရဲ့ အစွမ်းအစပဲ ဖြစ်တယ်” ဟု သုတေသနအား ဦးဆောင်ခဲ့သူ ပရော်ဖက်ဆာ ပေါလ် သော်နယ်လီက ပြောသည်။
သို့သော်လည်း သီးနှံတစ်ခုထဲမှ အဆိုပါ ဒြပ်ပေါင်းများ ရယူရန် မသင့်ကြောင်း ပရော်ဖက်ဆာ သော်နယ်လီ က သတိပေးထားသည်။
ယင်း ဓာတ်ပေါင်းအား တစ်ခါသောက်ဆေး ပမာဏ အတိုင်းသာ သုံးစွဲသင့်ကြောင်း၊ လိမ္မော်သီးနှင့် စပျစ်သီးများမှ တိုက်ရိုက် သုံးစွဲမည်ဆိုပါက ပုံမှန် လူတစ်ယောက်အနေဖြင့် လိမ္မော်ရည်နှင့် စပျစ်ဖျော်ရည် ၁၀ လီတာခန့်သာ သောက်သုံးသင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။
ထို ဖျော်ရည်များတွင် သကြားဓာတ်များ ပါဝင်မှု မြင့်မားသည့်အတွက် ၎င်းဖျော်ရည်များက အသီးနှစ်မျိုး ပေါင်းစပ် ထုတ်လုပ်သည့် ဆေး၏ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုများကို ရရှိနိုင်ကြောင်း၊ အရေးကြီးဆုံးအချက် မှာ ၎င်း ဒြပ်ပေါင်းများကို အထက်ပါအသီးများတွင် တွေ့ရသော်လည်း အသီးများကို စားသုံးခြင်းဖြင့်မူ ရနိုင်မည် မဟုတ်ကြောင်း ပရော်ဖက်ဆာက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.