Connect with us

Europe

ပဲရစ်မှ ကိုင်ရိုသို့ အသွား အီဂျစ် ခရီးသည်တင် လေယာဉ် တစ်စင်း ရေဒါမှ ပျောက်ဆုံးသွားခဲ့ ကြောင်း အတည်ပြု

အီဂျစ် လေယာဉ် MS804 ရေဒါမှ ပျောက်ဆုံးသွားသည်ကို မြေပုံဖြင့် ပြသထားစဉ် (ဓာတ်ပုံ- အင်တာနက်)

ကိုင်ရို၊ မေ ၁၉ ရက် (ဆင်ဟွာ)

အီဂျစ် လေကြောင်းပိုင် လေယာဉ် တစ်စင်းသည် မေလ ၁၈ ရက် အစောပိုင်းက ပဲရစ်မှ ကိုင်ရိုသို့ ပျံသန်းနေစဉ် ရေဒါမှ ပျောက်ဆုံးသွားခဲ့ကြောင်း ယင်း ကုမ္ပဏီက အတည်ပြု ပြောကြားခဲ့သည်။

Airbus 320 လေယာဉ်သည် ခရီးသည် ၅၉ ဦးနှင့် ဝန်ထမ်း ၁၀ ဦးအား တင်ဆောင်သွားခဲ့ကြောင်း အီဂျစ် လေကြောင်း ကုမ္ပဏီက ၎င်း၏ တွစ်တာ အကောင့်၌ ပြောကြားထားသည်။ အီဂျစ် လေယာဉ်သည် MS804 ပျံသန်းမှု ခရီးစဉ် အရ ပဲရစ်မှ ကိုင်ရိုသို့ ပင်လယ် ရေမျက်နှာပြင် အထက် ၃၇,၀၀၀ ပေ (၁၁,၂၈၀ မီတာ) မှ ပျံသန်းနေစဉ် အီဂျစ်လေနယ်နိမိတ် အတွင်းသို့ ၁၀ မိုင် (၁၆ ကီလိုမီတာ) အရောက် ဒေသ စံတော်ချိန် နံနက် ၂း၄၅ နာရီအချိန်၌ ရေဒါစက်ကွင်းမှ ပျောက်ကွယ်သွားခဲ့ကြောင်း ကုမ္ပဏီ၏ တရားဝင် သတင်း ရင်းမြစ်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.