Europe
အီတလီတွင် အင်အား ၅.၃ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်သွား

ရောမ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)
အီတလီနိုင်ငံ အလယ်ပိုင်း Palata မြို့ တွင် သြဂုတ် ၁၆ ရက် ညနေပိုင်းက အင်အား ၅.၃ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ပြောကြားခဲ့သည်။
ငလျင်သည် မြောက်လတ္တီကျု ၄၁.၈၅၅၄ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၁၄.၈၄၂၁ဒီဂရီ ရှိ မြေပြင်အနက် ၁၂.၃၄ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)