Connect with us

Europe

အီတလီ မြောက်ပိုင်း တံတားကျိုးကျရာနေရာအား ၁၂ လကြာ အရေးပေါ်အခြေအနေ အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည်ဟု ဆို

အီတလီဝန်ကြီးချုပ် Giuseppe Conte တံတားကျိုးကျရာနေရာသို့လာရောက်စဉ်(ဆင်ဟွာ)

ဂျီနိုအာ ၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ)

တံတားကျိုးကျရာနေရာဖြစ်သည့် Liguria ဒေသတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများ ချောမွေ့စွာလုပ်ဆောင်နိုင်ရန် ၁၂ လကြာ အရေးပေါ်အခြေအနေအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း အီတလီ အစိုးရက သြဂုတ် ၁၅ ရက်တွင် ကြေညာခဲ့သည်။

Liguria ဒေသအစိုးရ၏ အရေးပေါ်အခြေအနေအဖြစ် ဆောင်ရွက်မည့် လျှောက်ထားချက်ကို လက်ခံ ကြောင်း၊ ဗဟိုအစိုးရအနေဖြင့် ပထမကာလဆောင်ရွက်မှုများအတွက် နိုင်ငံတော်အရေးပေါ် ရန်ပုံငွေ မှ ယူရိုငွေ ၅ သန်း (အမေရိကန်ဒေါ်လာ ၅.၆၇သန်း)ထုတ်ပေးမည်ဖြစ်ကြောင်း အီတလီ ဝန်ကြီးချုပ် Giuseppe Conteက ယင်းနေ့တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။

သြဂုတ် ၁၄ ရက်တွင် ဖြစ်ပွားသည့်တံတားကျိုးကျမှုတွင် သေဆုံးသူ ၃၉ ဦးအထိ မြင့်တက်သွားပြီဖြစ် ကြောင်း ဝန်ကြီးချုပ် Giuseppe Conteက မီဒီယာများကို အတည်ပြုပြောကြားခဲ့သည်။ အစိုးရက အရေးပေါ်ရန်ပုံငွေဖြင့် ပြိုကျပျက်စီးနေသည့် တံတား အနီးတဝိုက်ရှိနေထိုင်သူ ၆၃၄ ဦးအား ရွှေ့ပြောင်းရာတွင် ကူညီသွားမည်ဟုဆိုသည်။

အဆိုပါ ယာဉ်သွားလမ်းတံတားသည် ၁၉၆၀ ပြည့်လွန်နှစ်များတွင် တည်ဆောက်ခဲ့ပြီး တံတားအရှည် ၁၁၈၂ မီတာ၊ အကျယ် ၁၈ မီတာနှင့် အမြင့်ဆုံးနေရာမှာ မြေမျက်နှာပြင်အထက် ၉၀ မီတာ ရှိကြောင်း သိရသည်။ လမ်းတံတားကျိုးကျချိန်တွင် မော်တော်ယာဉ် အစီး ၃၀ ကျော် သွားနေကြောင်း သိရ သည်။အီတလီ အမျိုးသား ရန်ပုံငွေကို ဒေသနှင့်ဒေသဆိုင်ရာအစိုးရများ အကျပ်အတည်းကြုံတွေ့ချိန်တွင် ကူညီ ဖြေရှင်းရန်အတွက် ၁၉၉၂တွင် စတင်မတည်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)