Europe
အီးယူ-ကနေဒါ ထိပ်သီး အစည်းအဝေး အောက်တိုဘာလ ၃၀ ရက်တွင် ပြုလုပ်မည်
 
																								
												
												
											ဘရပ်ဆဲစ်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
ဥရောပ သမဂ္ဂ (EU) -ကနေဒါ ထိပ်သီး အစည်းအဝေးအား အောက်တိုဘာလ ၃၀ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း ဥရောပ ကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ် တက်စ် (Donald Tusk) က အောက်တိုဘာလ ၂၈ ရက်ညပိုင်းက ပြောကြားခဲ့သည်။
“စစ်ဆင်ရေး အောင်မြင်တယ်၊ အီးယူ-ကနေဒါ ထိပ်သီး အစည်းအဝေးကို တနင်္ဂနွေနေ့ (အောက်တိုဘာလ ၃၀) မှာ ကျင်းပဖို့ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒိုး (Justin Trudeau) နဲ့ သဘောတူညီမှု ရခဲ့တယ်” ဟု တက်စ်က ၎င်း၏ တွစ်တာ၌ ရေးသားထားသည်။ယင်းသို့ မှတ်ချက်သည် ဘယ်လ်ဂျီယံ ဒေသဆိုင်ရာ လွှတ်တော်များက ဘက်စုံ စီးပွားရေးနှင့် ကုန်သွယ်ရေး သဘောတူညီချက် (Comprehensive Economic and Trade Agreement= CETA) အား ထောက်ခံမဲပေးခဲ့ပြီးနောက် မကြာမီ ပေါ်ထွက်လာခြင်း ဖြစ်သည်။CETA သည် ဥရောပ အကျိုးစီးပွားအား ထိခိုက်စေခြင်းနှင့် နိုင်ငံမျိုးစုံကို လုပ်ပိုင်ခွင့်များစွာ ခွင့်ပြုပေးရခြင်း စသည်တို့နှင့် ဆက်စပ်သည်ဟုဆိုကာ ဘယ်လ်ဂျီယံနိုင်ငံ Wallonia ပြည်နယ် လွှတ်တော်က ကန့်ကွက်နေသောကြောင့် အောက်တိုဘာလ ၂၇ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အီးယူနှင့် ကနေဒါ အစည်းအဝေးအား ဖျက်သိမ်းခဲ့ရခြင်း ဖြစ်သည်။ (Xinhua)

 
									 
																	 
									 
																	 
									