Connect with us

Europe

အီတလီနိုင်ငံ၌ ပြင်းအား ၅.၄ အဆင့်ရှိ အင်အားပြင်းငလျင် ဒုတိယအကြိမ်ထပ်မံလှုပ်ခတ်

အီတလီနိုင်ငံ ငလျင်ဒဏ်သင့် ပြည်သူများအတွက် ယာယီကယ်ဆယ်ရေးစခန်းများ မြင်တွေ့ ရစဉ် (ဆင်ဟွာ)

ရောမ ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံအလယ်ပိုင်း Marche ဒေသ၌ အောက်တိုဘာလ ၂၆ ရက်က ပြင်းအား ၅.၄ အဆင့်ရှိ ငလျင်တစ်ကြိမ် လှုပ်ခတ်ခဲ့ပြီးနောက် ယင်းနေ့နှောင်းပိုင်းတွင် နောက်ထပ် အလားတူအင်အားပြင်းငလျင်တစ်ကြိမ်ထပ် ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးလှုပ်ခတ်သွားသော ငလျင်မှာ ပြင်းအား ၅.၉ အဆင့်ရှိပြီး ဒေသစံတော်ချိန် ည ၉ နာရီ ၁၈ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အီတလီနိုင်ငံ အမျိုးသား မီးတောင် နှင့် ငလျင်တိုင်းတာရေး သိပ္ပံ ( INGV) ၏ အဆိုအရ သိရသည်။ ပထမငလျင်သည် ဒေသစံတော်ချိန် ည ၇ နာရီ ၁၁မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ငလျင်နှစ်ခုစလုံးသည် အီတလီနိုင်ငံ Perugia မြို့နှင့် Macerata မြို့ကြားရှိ တောင်ကုန်းတောင်တန်းထူထပ်သောနေရာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

၎င်းငလျင်များသည် မြေပြင်အောက် ၉ ကီလိုမီတာအကွာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး Macerate ပြည်နယ်အတွင်းရှိ Castelsantangelo sul Nera ၊ Visso ၊ Ussita နှင့် Perci အစရှိသော ကျေးရွာများသည် ငလျင်းဒဏ်ကို အများဆုံးခံစားခဲ့ရကြောင်း INGV ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယင်းဒေသသည် လွန်ခဲ့သော ၂ လကျော် ကလည်း အင်းအားပြင်းငလျင်ဒဏ်ခံခဲ့ရသေးကြောင်း သိရသည်။ Macerata မြို့အနီးအနားရှိ ကျေးရွာများ၌ အဆောက်အအုံပြိုကျမှုများဖြစ်ပွားခဲ့ကြောင်း ၊ Visso ရွာ၌ လူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၊ သို့သော် အသေအပျောက်စာရင်းအတိအကျကို မသိရှိရသေးကြောင်း အီတလီနိုင်ငံပြည်သူ့ကာကွယ်ရေးအဖွဲ့အကြီးအကဲ Fabrizio Curcio ကဆိုသည်။

ငလျင်ဒဏ်သင့်ပြည်သူများ နှင့် နေ အိမ်စွန့်ခွာလာသူများအတွက် ယာယီတည်းခိုရေးစခန်းများ တည်ဆောက်ထားပေးကြောင်း သိရသည်။ ငလျင်ဒဏ်ကြောင့် အောက်တိုဘာလ ၂၆ ရက် ညပိုင်းကတည်းက ဆက်သွယ်ရေးလိုင်းများ နှင့် လျှပ်စစ်မီးများပြတ်တောက်ခဲ့ရပြီး အဓိက အမြန်လမ်းမကြီးကိုလည်း ပိတ်ထားရကြောင်း အီတလီနိုင်ငံအရပ်သားကာကွယ်ရေးအေဂျင်စီအဆိုအရ သိရသည်။ ငလျင်ဗဟိုချက် ဒေသဖြစ်သော Perugia မြို့နှင့် Ancona မြို့ကြားသည် အီတလီနိုင်ငံမြို့တော် ရောမမြို့မှ အနောက်ဖက် ၂၃ဝ ကီလိုမီတာအကွာတွင် တည်ရှိကြောင်း သိရသည်။

ယခု လှုပ်ခတ်သွားသော ငလျင်များသည် ပြီးခဲ့သော သြဂုတ်လက အီတလီနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြီး နှင့်ဆက်နွယ်မှုရှိကြောင်း INGV ကျွမ်းကျင်သူများကို ကိုးကား၍ La Repubblica သတင်းဌာနက ရေးသားခဲ့သည်။

“ အခုလှုပ်သွားတဲ့ငလျင်ဟာ အရင်တစ်ကြိမ်က ဒီဒေသမှာ ဗဟိုပြုပြီးလှုပ်သွားတဲ့ ငလျင်နဲ့ဆက်စပ်မှုရှိပါတယ်။ ဒါဟာ ငလျင်ကြော အသစ်တစ်ခုကို ပေါ်လာတာသေချာပါတယ်” ဟု ငလျင်ကျွမ်းကျင်ပညာရှင် Alessandro Amato က La Repubblica အွန်လိုင်းသတင်းဌာနသို့ပြောကြားခဲ့သည်။

၂ဝ၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်တွင် လာဇီယိုဒေသအလယ်ပိုင်း နှင့် Marche မြို့များ၌ ပြင်းအား ၆.ဝ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူပေါင်း ၂၉၈ ဦးသေဆုံးပြီး ၄ဝဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာခဲ့ရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.