Europe
၂၀၃၁ခုနှစ်တွင် လကမ္ဘာပေါ်သို့ အာကာသယာဉ်မှူးများ ပို့ဆောင်ရန် ရုရှားရည်ရွယ်
မော်စကို၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံသည် ၂၀၃၁ခုနှစ်တွင် နိုင်ငံ၏ ပထမဆုံး လကမ္ဘာသို့ လူလိုက်ပါသည့် ခရီးစဉ်သွားရောက်ရန် စီစဉ်နေကြောင်း ရုရှားနိုင်ငံဗဟိုသုတေသနဌာန၏ စက်ယန္တရားတည်ဆောက်ရေးဌာနခွဲ မှထုတ်ပြန်သော အစီရင်ခံစာ ကို ကိုးကား၍ RIA Novosti သတင်းဌာနက ဖေဖော်ဝါရီ ၈ ရက်တွင်ဖော်ပြခဲ့သည်။
အာကာသယာဉ်ပေါ်လိုက်ပါသွားမည့်သူများသည် လကမ္ဘာပေါ်၌ အာကာသာယာဉ်မှူး၏ လုပ်ငန်းဆောင်တာများနှင့် ရုရှားနိုင်ငံ သိပ္ပံအကယ်ဒမီက ချမှတ်ပေးမည့် လုပ်ငန်းများကို ပြီးမြောက်အောင် ဆောင်ရွက်သွားမည်ဟု မျှော်လင့်ရသည်။
ရုရှားနိုင်ငံသည် ၂၀၃၄ခုနှစ်တွင် လကမ္ဘာပေါ်၌ လကမ္ဘာအခြေစိုက်စခန်းတစ်ခု တည်ဆောက်ခြင်းကို စတင်ရန် ရည်ရွယ်ထားပြီး ယင်းတည်ဆောက်မှုအား ၂၀၃၅ခုနှစ်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) က ရုရှားနိုင်ငံသည် ၂၀၃၀ခုနှစ်အထိ ဆက်တိုက် လကမ္ဘာအစီအစဉ်တစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်နေပြီး လကမ္ဘာပေါ်သို့ အာကာသယာဉ်မှူးများ စေလွှတ်သွားမည်ဖြစ်ကြောင်း ၂၀၁၈ခုနှစ် ဧပြီလတွင်ပြောကြားခဲ့သည်။
Federatsiya အာကာသယာဉ်တည်ဆောင်မှုသည် ပြီးလုနီးပါးဖြစ်နေပြီး တစ်ချိန်တည်းမှာပင် လကမ္ဘာစီမံကိန်းများအတွက် ဒုံးပျံတစ်ခု ဖန်တီးတည်ဆောက်မှုကို စတင်နေပြီဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ (Xinhua)