Connect with us

Europe

တူရကီတွင် အဆောက်အဦ ပြိုကျမှု သေဆုံးသူ ၂၁ဦးရှိလာ

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ တွင် ရှစ်ထပ်အဆောက်အအုံတစ်လုံး ပြိုကျခဲ့စဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ တွင် ရှစ်ထပ်အဆောက်အအုံတစ်လုံး ပြိုကျခဲ့မှုကြောင့် သေဆုံးသူ ဦးရေသည် ၂၁ဦးအထိ မြင့်တက်လာခဲ့ကြောင်း တူရကီနိုင်ငံ ပြည်ထဲရေးဝန်ကြီး က ဖေဖော်ဝါရီ ၉ ရက် ညပိုင်းတွင် ကြေညာခဲ့သည်။

Kartal ခရိုင်ရှိ အခင်းဖြစ်ပွားရာနေရာအနီး စင်တာတစ်ခု၌ ဝန်ကြီး Suleyman Soylu က အဆောက်အဦးပြိုကျခဲ့သည့် ဖေဖော်ဝါရီ ၆ရက်ကတည်းက အပျက်အစီးများကြားမှ လူ ၁၄ဦးကို ဒဏ်ရာများဖြင့် ကယ်ဆယ်နိုင်ခဲ့ကြောင်းပြောကြားခဲ့သည်။

အဆိုပါ ပြိုကျမှုအပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ၇၂နာရီနီးပါး ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း ဝန်ကြီးကပြောကြားခဲ့သည်။

အဆိုပါနေ့အစောပိုင်း၌ အဆိုပါနေ့အစောပိုင်း၌ တူရကီနိုင်ငံ သမ္မတ ရီဆက်တေယစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဆေးရုံရှိ ဒဏ်ရာရရှိသူများထံ သွားရောက်ကြည့်ရှုခဲ့ပြီး အခင်းဖြစ်ပွားရာသို့ ဆက်လက်သွားရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.