Europe
တူရကီတွင် ဘတ်စ်ကားမတော်တဆမှုကြောင့် ခရီးသည် ၇ဦးသေဆုံး

အန်ကာရာ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံ အရှေ့ပိုင်း Malatya ပြည်နယ်တွင် နိုဝင်ဘာ ၂၃ရက် အစောပိုင်းက ဘတ်စ်ကားတစ်စီး မတော်တဆမှုဖြစ်ပွားခဲ့ရာ လူ ၇ဦးသေဆုံးပြီး အခြားလူ ၁၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Yeni Safak ပြည်တွင်းသတင်း၌ဖော်ပြချက်အရ အဆိုပါခရီးသည်များသည် Malatya ပြည်နယ် ရှိ ဈာပနအခမ်းအနားသို့ တက်ရောက်ရန် အစ္စတန်ဘူလ်မြို့မှ လာရောက်ကြခြင်းဖြစ်ပြီး ၎င်းတို့စီးနင်းလာသော ဘတ်စ်ကားသည် လမ်းချော်တိမ်းမှောက်ပြီး ဆိုးရွားစွာပျက်စီးခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ လူနာတင်ယာဉ်များ နှင့် ကယ်ဆယ်ရေးအဖွဲ့များ အလျင်အမြန်ရောက်ရှိလာပြီး ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံများသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)