Connect with us

Europe

ဆာဗီးယားနိုင်ငံက AIIB ဘဏ်သို့ တရားဝင် ဝင်ရောက်

အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ဆိုင်းဘုတ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဘဲလ်ဂရိတ်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

ဆာဗီးယားနိုင်ငံသည် အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ၏ ဒေသတွင်းမဟုတ်သော အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင် ဖြစ်လာခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးက သတင်းထုတ်ပြန်ချက်တွင် သြဂုတ်လ ၂၃ ရက်က အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ နိုင်ငံတကာ အဖွဲ့အစည်းသို့ ချိတ်ဆက်ဝင်ရောက်ခြင်းအားဖြင့် ဆာဗီးယားနိုင်ငံက “ဦးစားပေး စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ခွင့်ပြုထားသော ရန်ပုံငွေများ ရရှိမည်” ဖြစ်ကြောင်း ဆာဗီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဆီနီစာ မာလီ (Sinisa Mali) က ပြောခဲ့သည်။

ဆာဗီးယားနိုင်ငံအနေဖြင့် AIIB အဖွဲ့ဝင်ဖြစ်မှုဆိုင်ရာ လိုအပ်သော လုပ်ငန်းစဉ်များနှင့် သတ်မှတ်ချက်များ ပြည့်မီခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံက အစပျိုးဖော်ဆောင်ထားသည့် နိုင်ငံစုံပါဝင်သော ငွေကြေးအဖွဲ့အစည်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် တည်ထောင်သူအဖွဲ့ဝင် ၅၇ နိုင်ငံဖြင့် လုပ်ငန်း စတင်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)