Connect with us

Europe

G-7ထိပ်သီးဆွေးနွေးပွဲ စတင်၊ ကုန်သွယ်ရေးစစ်ကို ရှောင်ရှားရန် ပြင်သစ်သမ္မတအပါအဝင် အများစုက တိုက်တွန်း

ပြင်သစ်နိုင်ငံ ဘီရာရစ်ဇ်မြို့တွင် G-7 ထိပ်သီးဆွေးနွေးပွဲအမှတ်တံဆိပ်ပါ အလံများအား တွေ့ရစဉ် (ဆင်ဟွာ)

ဘီရာရစ်ဇ်၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ)

နှစ်စဉ်ကျင်းပသည့် G-7 ထိပ်သီးဆွေးနွေးပွဲကို သြဂုတ် ၂၄ ရက်က ပြင်သစ်နိုင်ငံတောင်ပိုင်း ဘီရာရစ်ဇ်မြို့တွင် စတင်ကျင်းပရာ ပြင်သစ်သမ္မတ မိုက်ခရွန်အပါအဝင် တက်ရောက်လာသူ အများစုက ကုန်သွယ်ရေးစစ်မဖြစ်ပွားရေး ရှောင်ရှားကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ယခုကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲကို ၃ ရက်ကြာကျင်းပမည်ဖြစ်ရာ ပြင်သစ်၊ အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်၊ အီတလီ၊ ကနေဒါ၊ ဂျပန် နိုင်ငံ ၇ နိုင်ငံမှ ခေါင်းဆောင်များနှင့် အခြားဖိတ်ကြားထားသော အိန္ဒိယ၊ သြစတြေးလျ၊ အီဂျစ်၊ တောင်အာဖရိက ၊ ချီလီ၊ ဘာကီးနား ဖားဆို စသည့် နိုင်ငံများမှ ခေါင်းဆောင်များလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။ထို့အပြင် ကမ္ဘာ့ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)စသည့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ကျား/မတန်းတူညီမျှမှုရှိရန်၊ ပညာရေးနှင့် ကျန်းမာရေး စသည့် ကဏ္ဍများတွင် တန်းတူညီမျှမှုရှိရန် မည်သို့ ဖြေရှင်းဆောင်ရွက်သွားမည်ကို တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည့်အပြင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့်ကုန်သွယ်ရေး၊ အီရန်အရေး၊ ရာသီဥတုပြောင်းလဲလာမှု စသည့် ကဏ္ဍရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားမတိုင်မီ ပြင်သစ်သမ္မတ မိုက်ခရွန်က တင်းမာမှုအခြေအနေများ အထူးသဖြင့် ကုန်သွယ်ရေးတင်းမာမှုအခြေအနေက တစ်ကမ္ဘာလုံး၏အကျိုးကို ဆုတ်ယုတ်စေနိုင် သည်ကို G-7အဖွဲ့ဝင် ခေါင်းဆောင်များအနေဖြင့် သတိပြုကြရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ တင်းမာမှုတွေ လျော့ကျသွားအောင် ဆောင်ရွက်သင့်တယ်။ ကုန်သွယ်ရေးစစ်ပွဲ ကို ရှောင်ရှားပြီး ကမ္ဘာ့စီးပွားတိုးပွားအောင် တည့်မတ်သင့်တယ်။”ဟု ၎င်းက ဆိုသည်။

ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း ကုန်သွယ်ရေးစစ်ကြောင့် ကမ္ဘာ့စီးပွားရေးသည် မတည်မငြိမ်ဖြစ်နေပြီဖြစ်ရာ သမ္မတ ထရမ့်ကို ကုန်သွယ်ရေးစစ် မဆင်နွှဲရန် နားချပြောဆိုမည်ဖြစ် ကြောင်း ယင်းနေ့တွင် ပြောကြားခဲ့သည်။ “ကုန်သွယ်ရေးကိုယ်ကျိုးစီးပွား ကာကွယ်မှုဝါဒတွေ ဦးမော့နေတာ၊ အခွန်အခတွေ တိုးကောက်နေတာတွေကို ရင်ဆိုင်နေရတာကြောင့် လက်ရှိ အခြေအနေနှင့်နောက်ဆက်တွဲတွေကို ကျွန်တော် အရမ်းစိုးရိမ်မိတယ်” ဟု ဘောရစ်ဂျွန်ဆင်က ဆိုသည်။

ဥရောပကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တက်စ် (Donald Tusk)ကလည်း ကုန်သွယ်ရေးစစ်ပွဲ မရပ်မဖြစ် ရပ်တန့်ရန် လိုအပ်ကြောင်း၊ အမေရိကန်အနေဖြင့် အခွန်ကို နိုင်ငံရေးနည်းလမ်းဖြင့် အသုံးပြုမည်ဆိုလျှင် တစ်ကမ္ဘာလုံးအတွက် ဒုက္ခဖြစ်စေကြောင်း ဆိုသည်။ “ကုန်သွယ်ရေးသဘောတူညီချက်နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ပြုပြင်ပြောင်းလဲမှုက ကုန်သွယ်ရေးစစ်ပွဲထက်ကောင်းပါတယ်။ ကုန်သွယ်ရေးစစ်က စီးပွားရေးကို ဆုတ်ယုတ်စေတယ်။ ကုန်သွယ်ရေးသဘောတူညီချက်က စီးပွားရေးတိုးတက်မှုကို တွန်းအားဖြစ်စေတယ်။”လို့ ၎င်းက ဆိုသည်။

ဆွေးနွေးပွဲစတင်သည့် သြဂုတ် ၂၄ ရက်တွင် အစိုးမဟုတ်သောအဖွဲ့အစည်းများနှင့် ပြင်သစ် yellow vest အဝါရောင်အကျီၤဝတ် ဆန္ဒပြလှုပ်ရှားသူ ၁ သောင်းခန့်က ဘီရာရစ်ဇ်မြို့အနီးဝိုက်ရှိ မြို့များတွင် ဆန္ဒပြလှုပ်ရှားမှုများလုပ်ဆောင်ကာ G-7 ထိပ်သီးဆွေးနွေးပွဲကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.