Europe
ပြင်သစ်နိုင်ငံ Caen လေဆိပ်တွင် ကိုကင်း ၁,၆၆၂ ကီလိုဂရမ် ဖမ်းမိ

ပဲရစ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်း Caen မြို့ ဒေသခံအကောက်ခွန် စီမံခန့်ခွဲရေး တာဝန်ရှိသူများက Caen လေဆိပ်တွင် ကိုကင်း ၁၆၆၂ ကီလိုဂရမ် ဖမ်းမိခဲ့ကြောင်း ပြည်သူ့လုပ်ငန်းနှင့် ငွေစာရင်းများဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
ကြေညာချက်အရ ကိုကင်းများအား တစ်ကီလိုဂရမ်ခန့်အထုပ်များဖြင့် ဘရာဇီးနိုင်ငံမှ ကုန်သေတ္တာယာဉ်တစ်စီးပေါ်တွင် ဝှက်ထားခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာလ ၆ ရက်တွင် ဖမ်းမိခဲ့သော အဆိုပါ မူးယစ်ဆေးဝါးများသည် ဈေးကွက်တန်ဖိုးအရ ပျမ်းမျှ ယူရို သန်း ၇၀ (အမေရိကန်ဒေါ်လာ ၇၉.၈၃ သန်းခန့်) ရှိကြောင်း သိရသည်။
ယခုကဲ့သို့ ဖမ်းမိခြင်းသည် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ပြင်သစ်နိုင်ငံ အကောက်ခွန်ဌာနမှ ပမာဏအများဆုံး ကိုကင်းဖမ်းမိမှုဖြစ်ကြောင်း ပြည်သူ့လုပ်ငန်းနှင့် ငွေစာရင်းများဝန်ကြီးဌာန ဝန်ကြီး Gerald Darmanin က ပြောကြားခဲ့သည်။ (Xinhua)