Connect with us

Europe

ပြင်သစ်နိုင်ငံ Strasbourg မြို့၌ဖြစ်ပွားသော ပစ်ခတ်မှုအတွင်း သေဆုံးသူ ၄ ဦးထိရှိလာ


ပါရီ ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံ Strasbourg မြို့ရှိ ခရစ္စမတ်စ်ဈေးတစ်ခုအနီး၌ ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုအတွင်း သေဆုံးသူ ၄ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက အချင်းဖြစ်နေရာအနီးတစ်ဝိုက်တွင် နေရာယူထားပြီး ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံတစ်ခုသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။

ပြင်သစ်နိုင်ငံပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးChristophe Castaner က သတင်းသမားများအားပြောကြားရာတွင် စိုးရိမ်ဖွယ် အခြေအနေ ဒဏ်ရာရရှိထားသူ အချို့ရှိကြောင်း နှင့် ၎င်းအနေဖြင့် Strabourg မြို့သို့သွားရောက်လျက်ရှိကြောင်း ဆိုသည်။

“ ကျွန်တော်တို့ရဲ့ လုံခြုံရေးတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ သွားနေပါပြီ” ဟု Castaner က ဖြည့်စွက်ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံ Strasbourg မြို့၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံ Strasbourg မြို့၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံ Strasbourg မြို့၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံ Strasbourg မြို့၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

ဒေသဆိုင်ရာအာဏာပိုင်များ၏ ပြောကြားချက်အရ သေနတ်သမားအဖြစ် သံသယရှိသူမှာ အသက် ၂၉ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်း နှင့် ရာဇဝတ်ပြစ်မှုအတွက် ရဲတပ်ဖွဲ့နှင့်ထိပ်တိုက်တွေ့ဖူးသူဖြစ်ကြောင်း သိရသည်။ ၎င်းအားလိုက်လံဖမ်းဆီးစဉ် ရဲတပ်ဖွဲ့နှင့် သေနတ်သမားမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံရှေ့နေချုပ်ရုံးက အချင်းဖြစ်ကိစ္စနှင့်ပတ်သက်၍ ပြင်သစ်နိုင်ငံ အကြမ်းဖက်မှုတန်ပြန်တရားစွဲဆိုရေးရှေ့နေက စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် အမှုဖွင့်ထားပြီးဖြစ်ကြောင်း ဆိုသည်။

Strasbourg မြို့သည် ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း Grand Est ဒေသ၏ မြို့တော်ဖြစ်ပြီး ဂျာမနီနိုင်ငံဖြင့် နယ်နိမိတ်ထိစပ်နေသော မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.