Europe
EU မှ ဗီယက်နမ်ကို ပြန်ပေးရန် မလိုသည့် ငွေကြေး အကူအညီ ပေးမည်

ဟနွိုင်း ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)
ဗီယက်နမ်အား အီးယူ (EU) မှထောက်ပံ့ငွေ ယူရို ၃၀၀ မီလီယံ မှ ၄၀၀ မီလီယံကို ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း တိုးမြှင့်ထောက်ပံ့ သွားမည်ဖြစ်ကြောင်း အီးယူ (EU) မှ ဇန်နဝါရီလကုန်တွင် တရားဝင် ပြောကြားခဲ့သည်။
အရှေ့တောင် အာရှ နိုင်ငံတွေထဲမှာ ဗီယက်နမ်က အရေးပါတဲ့ ကုန်သွယ်ဖက် နဲ့ ရင်းနှီးမြှုပ်နှံမှု နိုင်ငံဖြစ်သည်။ EU အနေဖြင့် ဗီယက်နမ်နှင့် အတူတကွ လုပ်ဆောင်သွားမည်ဖြစ်ပြီး အကူအညီများ တိုးမြှင့် ပေးသွားမည် ဖြစ်ကြောင်း EU သံအမတ် Franz Jessen က သတင်း စာရှင်းလင်း ပွဲတွင် ပြောကြားသည်။
EU နှင့် ဗီယက်နမ်သည် ၎င်းတို့၏ သံတမန် ဆက်ဆံရေးသည် ၂၅ နှစ်ပြည့် အခမ်းအနား ကို ယခု၂၀၁၅ ခုနှစ်တွင် ကျင်းပမည်ဖြစ်သည်။ ထိုအခမ်းအနားတွင် ယဉ်ကျေးမှု ဖလှယ်မှုများလည်း ပါဝင်မည်။ (Xinhua)