Connect with us

Europe

လေးနိုင်ငံ ဆွေးနွေးပြီးနောက် ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိခဲ့

ယူကရိန်း ငြိမ်းချမ်းရေးအတွက် လေးနိုင်ငံ ဆွေးနွေးပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

မင့်စ်ခ် ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

ယူကရိန်း ခေါင်းဆောင် ၊ ရုရှား၊ ဂျာမနီ နှင့် ပြင်သစ် ခေါင်းဆောင် များ ဘီလာရုစ် နိုင်ငံ၏ မြို့တော် မင့်စ်ခ် တွင် ၁၄ နာရီကြာ ဆွေးနွေးပြီးနောက် အရှေ့ ယူကရိန်း တိုက်ခိုက်မှုများ ပြီးဆုံးသွားပြီ ဟု ဖေဖော်ဝါရီ ၁၂ ရက်တွင် ကြေငြာခဲ့သည်။

သဘောတူညီမှုတွင် ယူကရိန်း လက်နက်ကိုင် အင်အားစု များနှင့် လွတ်မြောက်ရေး ကြိုးပမ်းနေသည့် လက်နက်ကိုင် အဖွဲ့များအကြား အပစ်အခတ် ရပ်စဲရန် ရှေ့တန်းတွင် လက်နက်ကြီးများ ဆုတ်ခွာရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် နှင့် အရှေ့ ယူကရိန်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးရန် စသည့်အချက်များ ပါဝင်သည်။

Donetsk နှင့် Lugansk ဘက်မှ ခေါင်းဆောင်များ ၊ ဥရောပ သမ္မဂ မှ လုံခြုံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ကိုယ်စားလှယ် အဖွဲ့အစည်း (OSEC) ၊ ယူကရိန်း သမ္မတဟောင်း Leonid Kuchma နှင့် ယူကရိန်းနိုင်ငံဆိုင်ရာ ရုရှားသံအမတ် တို့ လက်မှတ် ရေးထိုးခဲ့ ကြသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင် Vladimir Putin က “ အဓိက အကြောင်းအရာတွေမှာ သဘောတူညီဖို့ ကြိုးစားနေပါတယ်” ဟုပြောသည်။ ပဋိပက္ခ ဖြစ်ပွားသည့် နေရာမှ လက်နက်ကြီးများ ရုပ်သိမ်းရန်၊ အရှေ့ ယူကရိန်း ဒေသများ အတွက် အထူးအခြေအနေ တစ်ခုဖန်တီးပေးရေး၊ နယ်စပ်ဒေသ ထိန်းချုပ်မှုများ ကူညီ ပေးရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကြောင်းအရာများ စသည့် အချက်များ ပါဝင်သည်။

ဆွေးနွေးပွဲတွင် သဘောတူညီမှု မရရှိသည့် အချက်များလည်း ရှိနေဆဲဖြစ်သည်။

ဖေဖော်ဝါရီ ၁၂ ရက် အစည်းအဝေးတွင် ယူကရိန်း အကြပ်အတည်းမှ လွတ်မြောက်ရန် ဘက်ပေါင်းစုံမှ ကြိုးပမ်း အားထုတ်မှုပင် ဖြစ်သည်။ မပြေလည်သေးသည့် ယူကရိန်း အရေးကြောင့် ၂၀၁၄ ခုနှစ် ဧပြီလမှ စ၍ သေဆုံးသူဦးရေ ၅,၃၀၀ ရှိပြီဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.