Connect with us

Europe

၄၇ နှစ်ကြာ EU အဖွဲ့ဝင်အဖြစ်မှ ဗြိတိန်နိုင်ငံ တရားဝင်နုတ်ထွက်

EU အဖွဲ့ဝင်အဖြစ်မှ ဗြိတိန်နိုင်ငံ တရားဝင်နုတ်ထွက်မည့်အချိန်ကို အမှတ် ၁၀ ၊ Downing လမ်း နေအိမ်နံရံပေါ်တွင် ဖော်ပြထားသည်ကို ဇန်နဝါရီ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂ (EU) မှ ဇန်နဝါရီ ၃၁ ရက် ဒေသစံတော်ချိန် ည ၁၁:၀၀ နာရီက တရားဝင်နုတ်ထွက်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးနိုင်ငံများအုပ်စု၏ ၄၇ နှစ်ကြာအဖွဲ့ဝင်အဖြစ်မှ အဆုံးသတ်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာမည့်အရေး (Brexit crisis) ကာလအတွင်း ဗြိတိန်နိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်လာသူ ဘောရစ်ဂျွန်ဆင် (Boris Johnson) က ၎င်းအခိုက်အတန့်အား ကဏ္ဍသစ်တစ်ခု ဖွင့်လှစ်ချိန်ဝယ် “ခေတ်သစ်တစ်ခုရဲ့ ရောင်နီဦး” ဟူ၍ ရုပ်မြင်သံကြားမှတစ်ဆင့် တစ်နိုင်ငံလုံးသို့ ပြောကြားခဲ့သည့် အထူးမိန့်ခွန်းတစ်ရပ်တွင် တင်စားပြောကြားခဲ့သည်။

EU အဖွဲ့ဝင်အဖြစ်မှ ဗြိတိန်နိုင်ငံ တရားဝင်နုတ်ထွက်မည့်အချိန်ကို အမှတ် ၁၀ ၊ Downing လမ်း နေအိမ်နံရံပေါ်တွင် ဖော်ပြထားသည်ကို ဇန်နဝါရီ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

EU အဖွဲ့ဝင်အဖြစ်မှ ဗြိတိန်နိုင်ငံ တရားဝင်နုတ်ထွက်ခြင်းကို အောင်ပွဲခံနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

“ဒီကနေ့ည (ဇန်နဝါရီ ၃၁ ရက်) မှာ အရေးကြီးဆုံးပြောချင်တာကတော့ ဒါဟာ အဆုံးသတ်မဟုတ်ပါဘူး။ အစပျိုးမှုတစ်ခုပါ” ဟု ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောခဲ့သည်။

အကူးအပြောင်းကာလတစ်ခု စတင်ခဲ့ပြီဖြစ်သော အဆိုပါ အခိုက်အတန့်သည် ဗြိတိန်နိုင်ငံနှင့် အီးယူ၌ ကျန်ရှိနေမည့် အခြားအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးအစီအမံအတွက် အပြင်းအထန်ကြိုးပမ်းရမည့် ဆွေးနွေးညှိနှိုင်းမှုများအဖြစ် ၂၀၂၀ ပြည့်နှစ်ကုန်ပိုင်းအထိ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း သိရသည်။ 

ဥရောပသမဂ္ဂမှ ဗြိတိန် ထွက်ခွာခြင်း (Brexit) အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ၂၀၁၆ ခုနှစ် ဇွန်လက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။   (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.