Connect with us

Europe

ဥရောပလွှတ်တော်က ဗြိတိန်၏ Brexit သဘောတူညီချက်ကို အတည်ပြု

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အား ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ)

ဗြိတိန်၏ Brexitသဘောတူညီချက်ကို ဥရောပလွှတ်တော်က ဇန်နဝါရီ ၂၉ ရက်တွင် အတည်ပြုလိုက်ပြီဖြစ်ရာ ဗြိတိန် ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် အပြီးသတ်လုပ်ငန်းဆောင်ရွက်ရာ၌ ခြေလှမ်းတစ်ခု ထပ်တိုးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထိုနေ့က မဲခွဲဆုံးဖြတ်မှုတွင် ထောက်ခံမဲ ၆၂၁ မဲ၊ ကန့်ကွက်မဲ ၄၉ မဲ၊ ကြားနေမဲ ၁၃ မဲ ရရှိ ခဲ့ကြောင်း သိရသည်။ မဲခွဲဆုံးဖြတ်မှုမပြုမီ ပါတီအဖွဲ့အစည်းခေါင်းဆောင်များက အကြိတ်အနယ်ငြင်းခုံဆွေးနွေးခဲ့ကြရာ အများစုက ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်သည့်အတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယင် (Ursula von der Leyen)က “အမြဲချစ်ချစ်ခင်ခင်နေသွားမှာပါ။ ဘယ်တော့မှ မဝေးဘူး။”ဟု ဆိုသည်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ဇန်နဝါရီ ၂၉ ရက်က ဥရောပလွှတ်တော်အမတ်များ Brexit သဘောတူညီချက်ကို အတည်ပြုရန် မဲခွဲဆုံးဖြတ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ဇန်နဝါရီ ၂၉ ရက်က ဥရောပလွှတ်တော်အမတ်များ Brexit သဘောတူညီချက်ကို အတည်ပြုရန် မဲခွဲဆုံးဖြတ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဥရောပလွှတ်တော် ဥက္ကဋ္ဌ ဒေးဗစ်ဆတ်ဆိုလီက “ဥရောပသမဂ္ဂမှထွက်သွားပေမဲ့ ဗြိတိန်ဟာ ဥရောပရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ဆဲပါ” ဟု ဆိုသည်။သတ်မှတ်သည့် လုပ်ထုံးလုပ်နည်းများအရ ဗြိတိန်၏ Brexit သဘောတူညီချက်သည် ဥရောပ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပြီးနောက် ဥရောပကောင်စီက ထပ်မံမဲခွဲဆုံးဖြတ်ရန် လိုကြောင်း သိရသည်။ ယခု Brexit သဘောတူညီချက်အရ ဗြိတိန်သည် ဇန်နဝါရီ ၃၁ ရက်တွင် ဥရောပသမဂ္ဂမှ တရားဝင်နုတ်ထွက်မည်ဖြစ်ပြီး မကြာမီ အနာဂတ်ဆက်ဆံရေးနှင့်စပ်လျဉ်း၍ နှစ်ဖက်အကြား ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)