Europe
G20 အစည်းအဝေးကျင်းပသည့်မြို့တွင် ဟိုတယ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅.၅ သန်း ရရှိခဲ့

ဗျူနိုအေးရိစ်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)
အာဂျင်တီးနားနိုင်ငံ မြို့တော် ဗျူနိုအေးရိစ်တွင် Group of 20 (G20) ထိပ်သီးအစည်းအဝေးအား လက်ခံကျင်းပသည့်အတွက် ဟိုတယ်လုပ်ငန်းဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၅.၅ သန်းခန့် ရောက်ရှိခဲ့ကြောင်း ယင်းမြို့၏ ခရီးသွားလုပ်ငန်းအတွင်းဝန်ရုံးက နိုဝင်ဘာလ ၂၉ ရက်က ပြောကြားလိုက်သည်။
အဆိုပါ ကိန်းဂဏန်းသည် ယင်းမြို့သို့ ဝင်ရောက်လာသော အစိုးရအရာရှိများမှ လုံခြုံရေးအဖွဲ့များနှင့် သတင်းစာဆရာများအပါအဝင် လူ ၁၀,၀၀၀ ခန့်အပေါ် အခြေခံတွက်ချက်ထားခြင်းဖြစ်ပြီး ၎င်းတို့သည် နှစ်ရက်ကြာပြုလုပ်မည့် ထိပ်သီးအစည်းအဝေးအတွက် ဗျူနိုအေးရိစ်သို့ လာရောက်သည်ဟု ယုံကြည်ရသည်။
ထိုမြို့ရှိ ဟိုတယ်များ၌ ထိပ်သီးအစည်းအဝေးအတွက် လုံခြုံရေးကို တိုးမြှင့်ချထားပြီး လာရောက်သည့် ကိုယ်စားလှယ်များအား ရှာဖွေခြင်းများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။ (Xinhua)