Connect with us

Europe

ရှီ၏ ခရီးစဉ် သည် အာဂျင်တီးနား-တရုတ် ဆက်ဆံရေး ကို အားကောင်းစေကြောင်း အာဂျင်တီးနား နိုင်ငံခြားရေးဝန်ကြီးပြောကြား

အာဂျင်တီးနားနိုင်ငံခြားရေးဝန်ကြီး Jorge Faurie အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဗျူနို အေးရိစ်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အာဂျင်တီးနားခရီးစဉ်သည် နှစ်နိုင်ငံ ၏ ပြီးပြည့်စုံသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာလာစေမည်ဖြစ်ကြောင်း အာဂျင်တီးနားနိုင်ငံခြားရေးဝန်ကြီး Jorge Faurie ကပြောကြားခဲ့သည်။

သမ္မတ ရှီသည် အာဂျင်တီးနားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိစဉ် ဗျူရို အေးရိစ်မြို့တွင် ကျင်းပမည့် ၁၃ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေးသို့တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

Faurie က တရုတ်နိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် အဓိကျသော ပါဝင်ဆောင်ရွက်သူများအနက် တစ်ဦးဖြစ်ပြီး အာဂျင်တီးနားနိုင်ငံသည် အလယ်အလတ်အရွယ်အစားနိုင်ငံ နှင့် ဈေးကွက်ပေါ်ထွန်းစ နိုင်ငံ ဖြစ်ပြီး ယင်း စစ်မှန်သော ဖလှယ်မှုသည် နှစ်ဖက်စလုံးကို အကျိုးရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံသည် ၁၉၇၂ခုနှစ်တွင် သံတမန်ဆက်ဆံရေး စတင်တည်ထောင်ခဲ့ပြီး ၂၀၁၄ခုနှစ်တွင် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပြီးပြည့်စုံသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်နိုင်ခဲ့ကြောင်း နှင့် ရှီ၏ ခရီးစဉ်အတွင်း နက်ရှိုင်းစွာ ဆွေးနွေးပြောဆိုမှုများ ပြုလုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ယခုလက်ရှိတွင် တရုတ်နိုင်ငံသည် အာဂျင်တီးနားနိုင်ငံ၏ ဒုတိယမြောက်အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး အဓိကကျသော ရင်းနှီးမြှုပ်နှံမှုအရင်းအမြစ်လည်းဖြစ်ကြောင်း နှင့် ၂၀၁၇ခုနှစ်အတွင်း အပြန်အလှန် ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၃.၈ ဘီလီယံတန်ဖိုးရှိခဲ့ကြောင်း သိရသည်။

Faurie က နှစ်နိုင်ငံသည် အာဂျင်တီးနားနိုင်ငံ အတွက်အလွန်အရေးပါသော စီမံကိန်းများအပါအဝင် အခြေခံအဆောက်အအုံ၊ စွမ်းအင်၊ စိုက်ပျိုးရေး နှင့် ငွေကြေးကဏ္ဍများတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လိုကြကြောင်း ပြောကြားခဲ့သည်။

၎င်းက စွမ်းအင်ကဏ္ဍများ (သို့) အခြေခံအဆောက်အအုံများတွင် ပါဝင်သော တရုတ်ကုမ္ပဏီများသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို ဆောင်ရွက်ပေးကြောင်း နှင့် ယင်းပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်သော တရုတ်လုပ်ငန်းများအတွက်လည်း အကျိုးအမြတ်ဖြစ်ထွန်းစေကြောင်း ပြောကြားခဲ့သည်။

အာဂျင်တီးနားနိုင်ငံ နှင့် တရုတ်နိုင်ငံ တို့၏ ဆက်ဆံရေးသည် ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှု ကြောင့်လည်း အားကောင်းလာကြောင်း ဝန်ကြီးကပြောကြားခဲ့သည်။

၎င်းက ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှု မူဘောင်အတွင်းရှိ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများသည် ၎င်းနှင့် ချိတ်ဆက်ထားသော အခြားနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု နှင့် ကြီးပွားမှုကို တိုးမြှင့်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.