Europe
ဂျာမနီဝန်ကြီးချုပ် ၏ လေယာဉ်သည် G20 ထိပ်သီးအစည်းအဝေးသို့ ဦးတည်ပျံသန်းစဉ် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်ဖြစ်ပေါ်

ဘာလင်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)
ဂျာမနီဝန်ကြီးချုပ် အန်ဂျလာ မာကယ်၏ လေယာဉ်သည် G20 ထိပ်သီးအစည်းအဝေးသို့ ဦးတည်ပျံသန်းနေစဉ် နည်းပညာပိုင်းဆိုင်ရာ ပြဿနာတစ်ခုကြောင့် နိုဝင်ဘာ ၂၉ ရက်တွင် ခရီးစဉ်ရပ်တန့်ခဲ့ရကြောင်း သိရသည်။
မာကယ်၏ လေယာဉ် Airbus A340 “Konrad Adenauer” သည် နိုဝင်ဘာ ၃၀ရက်တွင် Buenos Aires မြို့၌ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေး သို့ သွားရောက်ရန် ဘာလင်မြို့မှ ထွက်ခွာလာခဲ့ကြောင်း သိရသည်။
လျှပ်စစ်စနစ် ချို့ယွင်းမှုကြောင့် အဆိုပါ လေယာဉ်သည် နယ်သာလန်နိုင်ငံအပေါ်တွင် လှည့်ပတ်ပျံသန်းနေခဲ့ပြီး ဂျာမနီနိုင်ငံ အနောက်ပိုင်း Cologne/Bonn လေဆိပ်သို့ ပြန်လှည့်ခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း Koelner Stadt-Anzeiger က ခက်ခဲစွာဆင်းသက်လာသော လေယာဉ်အား ကယ်ဆယ်ရန် မီးသတ်ကားများအသင့်စောင်းဆိုင်းနေခဲ့ကြကြောင်း ဖော်ပြခဲ့သည်။
မာကယ်သည် ဂျာမနီဘဏ္ဍာရေးဝန်ကြီး Olaf Scholz နှင့် သတင်းစာဆရာအုပ်စု တစ်စု နှင့် အတူ ထွက်ခွာလာခြင်းဖြစ်ပြီး ခရီးစဉ် ကို အခြားလေယာဉ်တစ်စင်းဖြင့် ပြောင်းလဲပျံသန်းခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကြောင့် အချိန်မည်မျှ နှောင့်နှေးသွားပြီး G20 ထိပ်သီးအစည်းအဝေးအား အချိန်မီတက်ရောက်နိုင်ခြင်း ရှိ၊မရှိကို မသိရှိရသေးကြောင်း သိရသည်။ (Xinhua)