Connect with us

Europe

ဂလိုဘယ်လိုက်ဇေးရှင်းအား မြှင့်ရန် G20 တွင် တာဝန်ရှိကြောင်း ဗြိတိန်နိုင်ငံ ၏ 49 Group Club ဥက္ကဋ္ဌပြောကြား

ဗြိတိန်နိုင်ငံ 49 Group Club ဥက္ကဋ္ဌ Stephen Perry အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လန်ဒန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ 49 Group Club ဥက္ကဋ္ဌ Stephen Perry က ယနေ့ကမ္ဘာကြီးသည် ကမ္ဘာလုံးဆိုင်ရာလွှမ်းခြုံစနစ် (ခေါ်) ဂလိုဘယ်လိုက်ဇေးရှင်းအား ဆက်လက်လုပ်ဆောင်သွားရန် အမှားများမှ အမှန်သို့ ပြောင်းလဲခြင်း (သို့) ကိုယ်ကျိုးစီးပွားကာကွယ်မှုသို့ ပိုမိုချဉ်းကပ်ခြင်း နည်းလမ်းများအကြား အမှန်တရားကိုရွေးချယ်ရန် လမ်းဆုံလမ်းခွ သို့ရောက်ရှိနေကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခု ၌ ဆင်ဟွာသို့ ပြောကြားခဲ့သည်။

၎င်းက ဖြေရှင်းချက်များ နှင့် ရှေ့ဆက်သွားမည့်နည်းလမ်းများကို ရှာဖွေရန် G20 ၏ ပုခုံးပေါ်တွင် တာဝန်ဝတ္တရားများစွာ ရောက်ရှိနေကြောင်းပြောကြားခဲ့သည်။

မရေရာမသေချာမှုများကို ရင်ဆိုင်ရင်း G20 သည် အလုပ်အကိုင်ပိုမိုရရှိမှု နှင့် ပိုမိုကြီးပွားတိုးတက်မှုတို့ကို ဖြစ်ပေါ်စေနိုင်ရန် ဖြေရှင်းချက်များကို တစ်ဆင့်ချင်းစီ အဖြေရှာသွားရမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

၂၀၁၈ခုနှစ်၏ G20 ထိပ်သီးအစည်းအဝေးအား နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁ရက်နေ့အထိ အာဂျင်တီးနားနိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအကျပ်အတည်းအားဖြေရှင်းရန် ၂၀၀၈ခုနှစ်တွင် ခေါင်းဆောင်များ ပထမဆုံးတွေ့ဆုံခဲ့စဉ်မှ စ၍ G20ဖွဲ့စည်းခြင်း ၁၀နှစ်ပြည့်အထိမ်းအမှတ်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာကြီးအတွက် ဦးဆောင်မှုကို ပြသရန် အရေးကြီးသော နိုင်ငံများအတွက် ဖိုရမ်တစ်ခုကို မရှာဖွေနိုင်သဖြင့် ၂၀၀၈ခုနှစ် ငွေကြေးအကျပ်အတည်းသည် G20 ဖြစ်ပေါ်လာရန် ဦးတည်စေခဲ့ကြောင်း၊ ယခုအချိန်သည် G20 အနေဖြင့် လုပ်ဆောင်နိုင်ကြောင်း ပြသနိုင်သည့် အချိန်ဖြစ်ကြောင်း၊ G20 သည် အတိတ်ကာလများထက် အနည်းငယ်ပို၍ ရဲရင့်ပြတ်သားရမည်ဖြစ်ကြောင်း Perry ကပြောကြားခဲ့သည်။

လာမည့် G20 ထိပ်သီးအစည်းအဝေး၏ “တရားမျှတမှု နှင့် ရေရည်ဖွံ့ဖြိုးတိုးတက်မှုအတွက် သဘောတူညီချက်များကို တည်ဆောက်ကြ” ဟူသော ဆောင်ပုဒ်နှင့် အညီ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ အခြေခံအဆောက်အအုံ နှင့် ရာသီဥတုပြောင်းလဲမှု ကဲ့သို့သော ကိစ္စရပ်များကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှု သည် ကမ္ဘာ့ဈေးကွက်အတွင်း ထည့်သွင်းခဲ့သမျှတွင် အသွင်ပြောင်းလဲမှုအရှိဆုံး ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နှစ်၄၀ကြာ ပြန်လည်ပြောင်းလဲမှု နှင့် ပွင့်လင်းမြင်သာမှုများ ပြုလုပ်ပြီးနောက် ယင်းအကောင်အထည်ဖော်မှုအား ရှေ့ဆက်လုပ်ဆောင်ရန် ငွေကြေးအင်အား၊ ကျွမ်းကျင်မှု နှင့် အတွေ့အကြုံများရှိလာကြောင်း ၎င်းကပြောကြားခဲ့သည်။ (Xinhua)