Europe
G7 အစည်းအဝေးမတိုင်မီ ဂျွန်ဆင်နှင့် ထရမ့်တို့ ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေး

လန်ဒန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် (Boris Johnson) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့သည် မကြာမီကျင်းပတော့မည့် G7 အစည်းအဝေးမတိုင်မီ နိုင်ငံခြားရေးမူဝါဒနှင့် ကမ္ဘာ့ကုန်သွယ်ရေး ကိစ္စရပ်များအား သြဂုတ်လ ၂၃ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
၎င်းတို့သည် ပြင်သစ်နိုင်ငံတွင် ကျင်းပမည့် G7 အစည်းအဝေး၌ “ထပ်မံပြောကြားရန် မျှော်လင့်ကြောင်း” ဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းသည် ဂျွန်ဆင် ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာပြီးနောက် ပထမဆုံး တွေ့ဆုံမှုဖြစ်လာမည် ဖြစ်သည်။
ဂျွန်ဆင်က ၎င်း၏နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ (EU) မှ ဗြိတိန်နိုင်ငံထွက်ခွာရေး (Brexit ) အတွက် EU နှင့် သဘောတူညီချက်အသစ် ရသည်ဖြစ်စေ မရသည်ဖြစ်စေ သတ်မှတ်ချိန် (deadline) တွင် EU မှ ထွက်မည်ဟု ကတိပြုထားခဲ့သည်။ (Xinhua)