Connect with us

Europe

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် နယ်သာလန်နိုင်ငံ ဝန်ကြီးချုပ် Mark Rutte တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် နယ်သာလန်နိုင်ငံ ဝန်ကြီးချုပ် Mark Rutteတို့ ဩဂုတ် ၂၆ ရက်က သဟိတ်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

သဟိတ်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)

နယ်သာလန်နိုင်ငံ ဝန်ကြီးချုပ် Mark Rutte သည် ဩဂုတ် ၂၆ ရက်က သဟိတ်မြို့တွင် နယ်သာလန်သို့ လာရောက်လည်ပတ်သော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံခေါင်းဆောင်များ၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားအား ဦးစွာပြောကြားခဲ့သည်။ထို့နောက် ဝမ်ရိက တရုတ်-နယ်သာလန် နှစ်နိုင်ငံသည် အပြန်အလှန်လေးစားနားလည်ခြင်း၊ အပြန်အလှန် တံခါဖွင့် ယုံကြည်ခြင်း အစဉ်အမြဲရှိရာ နှစ်နိုင်ငံဆက်ဆံရေးမှာ တည်ငြိမ်ရင့်ကျက်မှုရှိပြီး မိုးဒဏ်လေဒဏ်အခက်အခဲများကို ခံနိုင်ရည်ရှိကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် နယ်သာလန်နိုင်ငံနှင့်အတူ ကပ်ရောဂါကာကွယ်ရေး ပုံမှန်ဆောင်ရွက်မှု အခြေအနေတွင် ကူးလူဆက်ဆံမှုများကို ပြန်လည်ဆောင်ရွက်သွားပြီး ဘုံအကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် တွန်းအားပေးဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေး ပြန်လည်နိုးကြားလာစေရန် အကျိုးဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။

နယ်သာလန်နိုင်ငံသည် တံခါးဖွင့်ရပ်တည်သည့် နိုင်ငံဖြစ်ရာ ကမ္ဘာ ပေါ်တွင် ကြုံတွေ့နေရသည့် တစ်ဖက်သတ်ဝါဒ၏ တိုက်ခိုက်မှုနှင့်စိန်ခေါ်မှုများကို တရုတ်-နယ်သာလန် နှစ်နိုင်ငံအတူ လက်တွဲရပ်တည်၍ နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို စောင့်ထိန်း အကောင်အထည်ဖော်သွားကြရမည်ဖြစ်ကြောင်း၊ လွတ်လပ်သော ကုန်သွယ်ရေးကို ထိန်းသိမ်းကာကွယ်သည့် စံနမူနာ၊ အပြန်အလှန်တံခါးဖွင့်မှုကို ခိုင်မာစွာ ကျင့်သုံးသည့် စံနမူနာ ၊ တရားမျှတစွာဖြင့် ယှဉ်ပြိုင်မှုကို ရှေ့ဆောင်သည့် စံနမူနာအဖြစ် လူသားတို့၏ ကံတူအကျိုးပေးအသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ရေးရာတွင် နယ်သာလန်နိုင်ငံ၏ အရေးပါသည့်ဆောင်ရွက်ချက်များကို တရုတ်နိုင်ငံက ဝမ်းသာဖွယ်တွေ့မြင်ရကြောင်း  ပြောကြားခဲ့သည်။

နယ်သာလန်နိုင်ငံ ဝန်ကြီးချုပ် Mark Rutteကလည်း ဝမ်ရိ၏ နယ်သာလန် အလည်အပတ်ခရီးစဉ်ကို ကြိုဆိုကြောင်းနှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၊ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်တို့အား ရင်းနှီးစွာ နှုတ်ခွန်းဆက်ကြောင်း ပြောကြားခဲ့သည်။Mark Rutteက နယ်သာလန်-တရုတ် နှစ်နိုင်ငံ ဆက်ဆံ‌ရေးသည် ယခုနှစ်ပိုင်းများတွင် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို နယ်သာလန်က အစဉ်အမြဲ အလေးထားကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ အထူးသဖြင့် နိုင်ငံပေါင်းစုံ ဘက်ပေါင်းစုံဝါဒ အား အတူ ထိန်းသိမ်းကာကွယ်ရေးတွင် တစ်ဆင့်ထပ်မံတိုးချဲ့သွားလိုကြောင်း ပြောကြားခဲ့သည်။

ကပ်ရောဂါအရေး ဖြေရှင်းရေးတွင် တရုတ်နိုင်ငံ၏ အောင်မြင်မှုကို အထူး တန်ဖိုးထားချီးကျူးကြောင်း ၊ တရုတ်နိုင်ငံနှင့်အတူ ကပ်ရောဂါတိုက်ဖျက် ပူးပေါင်းဆောင်ရွက်မှုများ ပို၍လုပ်ဆောင်သွားလိုကြောင်း  Mark Rutteက ဆက်လက်ပြောကြားခဲ့သည်။နယ်သာလန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ  ပိုမိုကျယ်ပြန့်သည့် ဆွေးနွေးမှုကဏ္ဍရပ်များတွင် မိတ်ဆွေချင်း စိတ်ရင်းဖြင့် ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးသွားလိုပြီး အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရေးကို တိုးမြှင့်လိုကြောင်း ၊ ဥရောပ-တရုတ်-အမေရိကန် သည် ညှိနှိုင်းဆွေးနွေးမှုများ တိုးမြှင့်သင့်ခြင်းဖြစ်ရာ ပို၍ အလှမ်းဝေးအောင် ဆောင်ရွက်ရမည် မဟုတ်ကြောင်း ၊ ဆက်နွယ်မှုကွင်းဆက်ကို လုံးဝဖြတ်တောက်သည့် အဆိုသည် မည်သည့်ဘက်မျှ အကျိုးမရှိစေနိုင်သလို အောင်မြင်မည်လည်းမဟုတ်ကြောင်း ၊ နယ်သာလန်နိုင်ငံအနေဖြင့် ကမ္ဘာ့ ပင်မ အင်အားစုကြီးများ ပူးပေါင်းဆောင်ရွက်မှုဖြင့် လက်ရှိကမ္ဘာတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်း သွားစေလိုကြောင်း ပြောကြားခဲ့သည်။ထိုနေ့တွင်ပင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည့် နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Stef Blok နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.