Connect with us

Europe

ဘေရွတ်မြို့ရှိ အမွေအနှစ်အဆောက်အအုံများ ပြန်လည်တည်ဆောက်ရန် ရန်ပုံငွေ ရရှိရေး ပဏာမခြေလှမ်း UNESCO စတင်လုပ်ဆောင်

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)   

UNESCO က ဘေရွတ်မြို့၏ အမွေအနှစ် အဆောက်အအုံများကို နဂိုမူလအတိုင်း ပြန်လည်ပြင်ဆင်ရာတွင် အသုံးပြုရန် ရန်ပုံငွေများရရှိရေး အတွက် “Beirut” အဆိုပြုချက်ကို စတင်လိုက်ကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (UNESCO) ညွှန်ကြားမှူးချုပ် Audrey Azoulay က သြဂုတ် ၂၇ရက်နေ့ တွင် ကြေညာခဲ့သည်ဟု ဒေသရုပ်သံချန်နယ် LBCI က သတင်းဖော်ပြခဲ့သည်။

‘လက်ဘနွန်နိုင်ငံ၏ အမျိုးသားအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် ဆောင်ရွက်မှုများ ကျွန်မတို့ အကောင်အထည်ဖော်သွားမှာဖြစ်ပြီး စက်တင်ဘာလကုန်ပိုင်းမှာ အလှူရှင်နိုင်ငံတွေအတွက် အစည်းအဝေးတစ်ရပ် ကျင်းပပါမယ်’ ဟု  Azoulay က ခေတ္တယဉ်ကျေးမှုဝန်ကြီး Abbas Mortada နှင့် ပြုလုပ်သည့် အစည်းအဝေးပွဲ၌ ပြောကြားခဲ့သည်။

UNESCO ညွှန်ကြားရေးမှူးချုပ် Azoulay ကို ပေါက်ကွဲမှုကြီးဖြစ်ပွားပြီးနောက် မြို့တွင် ပျက်စီးခဲ့ရသည့် အမွေအနှစ်အဆောက်အအုံ အရေအတွက်၊ ပျက်စီးမှုအတိုင်း အတာတို့နှင့် ပတ်သက်ပြီး ခေတ္တယဉ်ကျေးမှုဝန်ကြီး   Mortada က ဘက်စုံလေ့လာမှုအစီရင်ခံစာတစ်ခု ပေးအပ်ခဲ့သည်။

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့ရသည် အမွေအနှစ်အဆောက်အအုံ ၆၄၀ ရှိပြီး ယင်းအနက် အဆောက်အအုံ ၆၀ မှာ ပြိုကျမည့် အန္တရာယ်ရှိနိုင်ကြောင်း UNESCO က အစောပိုင်းတွင် သတိပေးထားကြောင်း သိရသည်။  (Xinhua)