Europe
ဆီးချိုရောဂါ ကနဦးကာလတွင် သွေးတွင်းသကြားဓာတ်ကို ပြောင်းလဲလိုက်နိုင်ခြင်းက နှလုံးသွေးကြောရောဂါအန္တရာယ်ကို သိသိသာသာ လျှော့ချပေးနိုင်
ဘာလင်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ဆီးချိုရောဂါ ကနဦးကာလ လူအုပ်စုအနေဖြင့် နေထိုင်မှုပုံစံကို ပြောင်းလဲခြင်းမှတစ်ဆင့် သွေးတွင်းသကြားဓာတ်ကို ပုံမှန်အနေအထားပြန်ရောက်အောင် ဆောင်ရွက်ခြင်းက ၎င်းတို့အတွက် နှလုံးသွေးကြောပိတ်ခြင်း၊ နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းနှင့် အရွယ်မတိုင်မီသေဆုံးခြင်း ဟူသော အန္တရာယ်များကို ထက်ဝက်ခန့် လျှော့ချနိုင်ကြောင်း နောက်ဆုံးပေါ် နိုင်ငံတကာ သုတေသနတစ်ရပ်တွင် တွေ့ရှိရသည်။ဆီးချိုရောဂါ ကနဦးကာလဆိုသည်မှာ လူတစ်ဦး၏ သွေးတွင်းသကြားဓာတ်ပမာဏသည် ပုံမှန်ထက် ကျော်လွန်နေပြီဖြစ်သော်လည်း ဆီးချိုရောဂါအဖြစ် ဆုံးဖြတ်သတ်မှတ်သည့် စံချိန်အနေအထားသို့ မရောက်ရှိသေးခြင်း ဖြစ်သည်။ အကယ်၍ ထိုသို့သော လူအုပ်စုကို လုပ်ဆောင်ပေးချက်များမရှိပါက ၎င်းတို့အနက် ၉၀ ရာခိုင်နှုန်းကျော်မှာ နှစ်ပေါင်း ၂၀ ကြာပြီးနောက် ဆီးချိုရောဂါဖြစ်လာနိုင်ခြေရှိသည်။
တရုတ်၊ အမေရိကန်၊ ဂျာမနီ စသည့် နိုင်ငံပေါင်းစုံဌာနများ၏ သုတေသီများက အမေရိကန်နှင့် တရုတ်နိုင်ငံတို့က ကိုယ်စီဆောင်ရွက်ထားသည့် ဆီးချိုရောဂါ ကြိုတင်ကာကွယ်ရေး သုတေသန ကိန်းဂဏန်းများကို ခွဲခြမ်းစိတ်ဖြာခဲ့ကြသည်။ သုတေသနတွင် ဆီးချိုရောဂါ ကနဦးကာလလူနာ ၃,၀၀၀ နီးပါး ပါဝင်ပြီး နှစ်ပေါင်း ၂၀ နှင့် ၃၀ ခန့်ကြာ စောင့်ကြည့်လေ့လာမှုများ အသီးသီး ပြုလုပ်ခဲ့သည်။
ခန္ဓာကိုယ်အလေးချိန် လျော့ကျလာသည့်အတိုင်းအတာ အလားတူနီးပါးရှိသော အခြေအနေတွင် သွေးတွင်းသကြားဓာတ်ကို ပုံမှန်အဖြစ် အောင်မြင်စွာ လုပ်ဆောင်နိုင်သည့် လူနာများက နှလုံးသွေးကြောရောဂါကြောင့် သေဆုံးမှုနှင့် နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းကြောင့် ဆေးရုံတက်ရသည့် အန္တရာယ်သည် သွေးတွင်းသကြားဓာတ် စဉ်ဆက်မပြတ် မြင့်မားမှုတွင် ရှိနေသူများထက် သိသာထင်ရှားစွာ လျော့နည်းကြောင်း လေ့လာသုံးသပ်ချက်ရလဒ်များတွင် ဖော်ပြထားသည်။ ယေဘုယျအားဖြင့်ဆိုရလျှင် ကနဦးကာလတွင် သွေးတွင်းကြားဓာတ်ပုံမှန်ဖြစ်အောင် လုပ်ဆောင်ခဲ့သော လူနာများက နှလုံးသွေးကြောရောဂါဖြင့် သေဆုံးနိုင်သည့်အန္တရာယ် ၅၀ ရာခိုင်နှုန်းခန့် လျော့ကျသွားပြီး ယေဘုယျသေဆုံးနှုန်းမှာလည်း သိသာထင်ရှားစွာ ကျဆင်းမှုရှိသည်။သက်ဆိုင်ရာရလဒ်များကို ဗြိတိန်နိုင်ငံ The Lancet Diabetes & Endocrinology ဂျာနယ်တွင် ဖော်ပြထားကြောင်း သိရသည်။ (Xinhua)
—————————————-
(Chinese Version)
糖尿病前期“逆转”血糖可显著降低心血管疾病风险
新华社柏林12月16日电(记者褚怡)一项最新国际研究发现,糖尿病前期人群通过改变生活方式使血糖恢复到正常范围后,他们发生心肌梗死、心力衰竭及过早死亡的风险可降低约一半。
糖尿病前期指的是个人血糖值已经超出正常值,但尚未达到糖尿病诊断标准的状态。如果不对这类人群进行干预,其中超过90%的人20年后可能发展为糖尿病。 来自中国、美国、德国等多国机构的研究人员分析了美国和中国各自开展的糖尿病预防研究的数据。研究共纳入近3000名糖尿病前期患者,并分别进行了约20年和30年的追踪随访。
分析结果显示,在体重减轻幅度相似的情况下,血糖成功恢复正常的患者,他们因心血管疾病死亡及因心力衰竭住院的风险显著低于血糖持续偏高者。总体而言,通过早期干预血糖恢复正常的患者,他们的心血管疾病死亡风险降低了约50%,总体死亡率也明显下降。
相关成果已发表在英国《柳叶刀·糖尿病和内分泌学杂志》上。(完)
1. 3月28日,朝阳区安贞社区卫生服务中心的医务人员进行生化样本检测。新华社记者 李欣 摄
