ဘရပ်ဆဲလ် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ဘရပ်ဆဲလ်မြို့၌ ဆေးဘက်ဆိုင်ရာဝန်ထမ်းများအားလုံး မဖြစ်မနေ ကာကွယ်ဆေးထိုးနှံကြရန် အစိုးရ၏ ဆုံးဖြတ်ချက်အား ဆန့်ကျင်ကာ ဒီဇင်ဘာ ၇ ရက်တွင် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်း ၄,၀၀၀ ကျော် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) သည် ပြင်သစ်နိုင်ငံမှ Rafale တိုက်လေယာဉ် အစင်း ၈၀ ဝယ်ယူမည့် မှာယူမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း UAE တာဝန်ရှိသူများက ဒီဇင်ဘာ ၃ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါ စာချုပ်သည်...
လစ်စဘွန်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ပေါ်တူဂီနိုင်ငံ ပြည်ထဲရေး ဝန်ကြီး Eduardo Cabrita သည် လူအသေအပျောက်ရှိခဲ့သော ယာဉ်တိုက်မှုတွင် ၎င်း၏ ယာဉ်မောင်းပါဝင်ပတ်သက်မှုနှင့် ပတ်သက်၍ ပြည်သူ့အစိုးရရှေ့နေရုံးက စွပ်စွဲချက်တင်ပြီးနောက် ဒီဇင်ဘာ ၃ ရက်တွင် ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံသည် နိုင်ငံအရှေ့ပိုင်းတွင် ၎င်း၏စစ်အင်အားကို အားကောင်းစေရန် လုပ်ဆောင်နေကြောင်းနှင့် ၎င်း၏တပ်ဖွဲ့ဝင် တစ်ဝက်ကို ထိုနေရာတွင် ဖြန့်ကျက်ထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ရုရှားသံတမန်များကို နှင်ထုတ်ရန် အမေရိကန်နိုင်ငံက ဆုံးဖြတ်ခဲ့ခြင်းအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် မော်စကိုမြို့ရှိ အမေရိကန်သံရုံးမှ ဝန်ထမ်းများအား နှစ်လ အတွင်း ရုရှားနိုင်ငံမှ အပြီးထွက်ခွာသွားရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားလိုက်သည်။
ဒပ်ဗလင်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) အိုင်ယာလန်နိုင်ငံသည် ဒီဇင်ဘာ ၃ ရက်မှစ၍ နိုင်ငံအတွင်း ဝင်ရောက်လာရောက်သူအားလုံးအနေဖြင့် COVID-19 ရောဂါကင်းစင်ကြောင်း ဆေးစစ်ချက် လိုအပ်မည်ဟု အိုင်ယာလန်အစိုးရက နိုဝင်ဘာ ၃၀ ရက်၌ ကြေညာခဲ့သည်။
အစ္စတန်ဘူလ် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ အနောက်မြောက်ပိုင်းဒေသ၌ နိုဝင်ဘာ ၂၉ ရက်မှစတင်၍ လေပြင်းမုန်တိုင်းများကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူ ၅၀ ကျော်ရှိကြောင်း ဒေသတွင်း မီဒီယာ၏ ဖော်ပြမှုအရ သိရသည်။
မော်စကို ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးများ၏ မကြုံစဘူး မြင့်မားသော အဆင့်တစ်ခုအတွက် ကျေနပ်အားရမှုရှိကြောင်း အင်္ဂါနေ့က ပြောကြားလိုက်သည်။
မော်စကို ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံက လုပ်ကြံပြောဆိုထားသည့် ယူကရိန်းနိုင်ငံအား ရုရှားက ကျူးကျော်ဝင်ရောက်ရန် အစီအစဉ်များ မရှိကြောင်း ရုရှားနိုင်ငံခြားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး Sergei Naryshkin က နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တောင်တရုတ်ပင်လယ်အတွင်း အမေရိကန် နျူကလီးယား ရေငုပ်သင်္ဘော ပါဝင်ပတ်သက်သည့် အဖြစ်အပျက်ကို အသေးစိတ် ရှင်းလင်းရန် တရုတ်စစ်တပ် ပြောရေးဆိုခွင့်ရှိသူက အမေရိကန်အား နိုဝင်ဘာ ၂၅ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။