မော်စကို၊ ဇွန် ၈ ရက် (ဆင်ဟွာ) ပထမဆုံး ရုရှားဘာသာစကားပြော ဉာဏ်ရည်တု (Artificial Intelligence = AI) သတင်းကြေညာသူအား ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ချိုင့်မင်ကျောက်နှင့် TASS ညွှန်ကြားရေးမှူးချုပ် ဆာဂျီ မီခီလာ့ဗ် (Sergei Mikhailov) တို့က ရုရှားနိုင်ငံ စိန့်ပီတာစ်ဘာ့ဂ်မြို့တွင် ဇွန်လ...
စိန့်ပီတာစ်ဘာ့ဂ်၊ ဇွန် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် ဇွန်လ ၆ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံမြောက်ပိုင်းကျွန်း Kawhia ကမ်းခြေအနီး တွင် ဇွန်လ ၆ရက် အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှု ဖြစ်ရပ်ကြောင့် လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မော်စကို၊ ဇွန် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံအကြား သံတမန်ဆက်ဆံရေး နှစ်ပေါင်း ၇၀ ပြည့်မြောက်မှု အထိမ်းအမှတ်ကျင်းပရန် ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဆင်ဟွာနှင့် TASS သတင်းအေဂျင်စီတို့က ပူးတွဲဓာတ်ပုံပြပွဲတစ်ခုအား ဇွန်လ ၅ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်စကို၊ ဇွန် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ခေတ်သစ်တစ်ခုအတွက် ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုရှိသော မိတ်ဖက်ဆက်ဆံရေးတစ်ခုဆီသို့ ၎င်းတို့၏ ဆက်ဆံရေးအား မြှင့်တင်ရန် ဇွန်လ ၅ ရက်က သဘောတူညီခဲ့ကာ ကမ္ဘာကြီးတည်ငြိမ်ရေးနှင့် ကြွယ်ဝချမ်းသာရေးအတွက် အထောက်အကူပြုသော နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဇာတ်ခုံသစ်ဖွင့်လှစ်လိုက်ပေသည်။
ရောမ ၊ ဇွန် ၆ ရက်(ဆင်ဟွာ) အီတလီနိုင်ငံ စစ္စလီမြို့၌ ဇွန် ၅ ရက်က လမ်းဘေးဈေးတစ်ခုတွင် ဓာတ်ငွေ့စလင်ဒါတစ်လုံး(ဂါတ်စ်အိုး) ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၂ဝ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။
မော်စကို၊ ဇွန် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံနှင့် နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဆွေးနွေးညှိနှိုင်းမှုအား ခေတ်သစ်ဆီသို့ ဆောင်ကြဉ်းရန် မျှော်မှန်းထားသည့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဇွန်လ ၅ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ပဲရစ်၊ ဇွန် ၅ ရက် (ဆင်ဟွာ) အေအက်ဖ်စီ၏ အထူးအာဏာကုန်လွှဲထားခြင်းခံရသော ကွန်ဂရက်တွင် ၂၀၂၃ ခုနှစ် အေအက်ဖ်စီ အာရှဖလားဘောလုံးပြိုင်ပွဲ (AFC Asian Cup) ၏ အိမ်ရှင်အဖြစ် တရုတ်နိုင်ငံအား ဇွန်လ ၄ ရက်က အတည်ပြုလိုက်ကြောင်း သိရသည်။
ဘာလင် ၊ ဇွန် ၅ ရက်(ဆင်ဟွာ) ယခုမေလတွင် ကျင်းပခဲ့သော ဥရောပပါလီမန်ဆိုင်ရာရွေးကောက်ပွဲများ( EP elections) သည် အစိမ်းရောင်ဖွံ့ဖြိုးမှုများ၊ ဥရောပသမဂ္ဂနှင့် အနီးကပ်ဆက်ဆံမှုကို ဆန့်ကျင်သည့် မူဝါဒများ နှင့် ဗဟိုလက်ယာယိမ်းဝါဒ နှင့် လူမှုဒီမိုကရက်တစ်ဝါဒီများ အားလျော့လာခြင်းတို့နှင့်အတူ အစဉ်အလာအာဏာချိန်ခွင်လျှာ ကမောက်ကမ ဖြစ်မှုများဖြင့် ကြုံတွေ့ခဲ့ရသည်။
လန်ဒန်၊ ဇွန် ၅ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂမှ နုတ်ထွက်ပြီးနောက် အလားအလာကောင်းမွန်သည့် နှစ်ဖက် ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးလိုကြောင်း ဗြိတိန်နိုင်ငံသို့ သွားရောက်လည်ပတ် နေသည့် အမေရိကန် သမ္မတ ထရမ့်က ဇွန် ၄ ရက်တွင် ပြောကြားခဲ့သည်။