Connect with us

Europe

ရုရှားတွင် ကိုဗစ်ကပ်ရောဂါအခြေအနေ ဆိုးဝါးလာသည်ဟု ရုရှားနိုင်ငံဝန်ကြီးချုပ် ပြောကြား

မော်စကို၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေဆိုးဝါးလာရာ ယခုရက်သတ္တပတ် ၂ ပတ်အတွင်း ကိုဗစ်လူနာ ဦးရေ ၂၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ရုရှားဝန်ကြီးချုပ် မစ်ရှုစတင်က စက်တင်ဘာ ၃၀ ရက် ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေး အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ယခုကာလများအတွင် ရုရှား၏နေ့စဉ် ကိုဗစ်အတည်ပြုလူနာဦးရေသည် ၂ သောင်းကျော် ရှိလာကြောင်း ၊ တစ်နိုင်ငံလုံးအတိုင်းအတာအရ လူပေါင်း သန်း ၄၀ ကို ကာကွယ်ဆေး နှစ်လုံးအပြည့်ထိုးပေးထားသော်လည်း လူထုကိုယ်ခံစွမ်းအားရရန် မလုံလောက်သေးကြောင်း မစ်ရှုစတင်က ပြောကြားခဲ့သည်ဟု Russia-24 သတင်းများအရ သိရသည်။

ရုရှားအစိုးရ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို တာဝန်ခွဲယူထားသည် ဒုတိယဝန်ကြီးချုပ်Golikovaက ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာခြင်းကြောင့် နိုင်ငံအတွင်း ကပ်ရောဂါအခြေအနေက ရှုပ်ထွေးသည့်အဆင့်ကို ရောက်ရှိနေကြောင်း ယင်းနေ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ကိုကပ်ရောဂါပြန့်ပွားမှုနှုန်းသည် ရက်သတ္တပတ် ၃ ပတ်ဆက်တိုက် လျင်မြန်စွာဖြစ်ပေါ်လျက်ရှိကြောင်း စားသုံးသူအခွင့်အရေးနှင့်လူထုသက်သာချောင်ချိရေးကြီးကြပ်မှု ဦးစီးဌာန အကြီးအကဲ၊ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အရာရှိ Popovaက ဆိုသည်။ ပြီးခဲ့သည် ရက်သတ္တပတ် ၃ ပတ်အတွင်း ရုရှားဖက်ဒရယ်နယ်မြေဒေသ ၅၀ ကျော်တွင် ရောဂါကူးစက်မှုနှုန်း မြင့်တက်ခဲ့ကြောင်း ဆိုသည်။ ရုရှားနိုင်ငံတွင် ပြီးခဲ့သည့်ရက်ကထက် ကိုဗစ်လူနာ ၂၃,၈၈၈ ဦးထပ်တိုးလာရာ စုစုပေါင်း အတည်ပြုလူနာ ၇,၅၁၁,၀၂၆ ဦး၊ အသစ်ထပ်တိုး သေဆုံးသူ ၈၆၇ ဦးဖြင့် စုစုပေါင်း သေဆုံးသူ ၂၀၇,၂၅၅ ဦး ၊ အသစ်ထပ်တိုးရောဂါပျောက်ကင်းသူ ၁၈,၈၂၆ ဦးဖြင့် စုစုပေါင်း ရောဂါပျောက်ကင်းသွားသူ ၆,၆၇၂,၇၆၇ ဦး ရှိကြောင်း ရုရှားကပ်ရောဂါကာကွယ်ထိန်းချုပ်မှု ညွှန်ကြားရေးဌာန၏ စက်တင်ဘာ ၃၀ ရက် သတင်းများအရ သိရသည်။ (Xinhua)

—————————————–
(Chinese Version)

(国际疫情)俄总理:俄新冠疫情形势紧张

新华社莫斯科9月30日电(记者胡晓光)俄罗斯总理米舒斯京9月30日在俄政府疫情防控会议上指出,俄新冠疫情形势紧张,最近两周住院的新冠患者人数增长了25%。
据“俄罗斯24”新闻频道报道,米舒斯京表示,近期俄日增新冠确诊病例数超过2万,尽管全俄4000多万人已完成两剂新冠疫苗接种,但这不足以形成群体免疫。
俄政府分管疫情防控工作的副总理戈利科娃在此次会议上说,受新冠发病率上升影响,俄国内疫情进入复杂阶段。

俄消费者权益保护和公益监督局局长、国家总防疫师波波娃在会上表示,俄新冠疫情传播速度已连续3周加快。过去3周内,俄有50多个联邦主体的新冠发病率上升。

据俄防疫指挥部9月30日消息,该国较前一日新增新冠确诊病例23888例,累计确诊7511026例;新增死亡病例867例,累计死亡207255例;新增治愈18826例,累计治愈6672767例。(完)
图说1:8月4日,人们在俄罗斯首都莫斯科红场附近的一个新冠疫苗接种中心接种疫苗。新华社发(叶甫盖尼•西尼岑摄)