အန်ကာရာ ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Mevlut Cavusoglu က တူရကီနိုင်ငံအနေဖြင့် ရုရှားထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ဒုံးကျည်များဝယ်ယူရေး သဘောတူညီချက်မှ နောက်ပြန်ဆုတ်မည်မဟုတ်ကြောင်း ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။
ကန်ဘာရာ၊ ဧပြီ ၃ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံက ပြည်ပအကူအညီဘတ်ဂျက်အား သြစတြေးလျဒေါ်လာ ၁၁၇ သန်း (အမေရိကန်ဒေါ်လာ ၈၂.၅ သန်း) ခန့် လျှော့ချသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
အစ္စတန်ဘူလ် ၊ ဧပြီ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသည် တူရကီအစိုးရ၏ ဆန့်ကျင်ဘက်အဖွဲ့အစည်းဖြစ်သော ဆီးရီးယားကာ့ဒ်စစ်သွေးကြွများအပေါ် ထောက်ခံမှုပြုလုပ်နေလင့်ကစား တူရကီအစိုးရအား ရုရှားနိုင်ငံထံမှ S-400 လေကြောင်းရန်ကာကွယ်ရေး စနစ်ဝယ်ယူရေး အစီအစဉ်ကို စွန့်လွှတ်ရန် နှင့် အီရန်အပေါ် ပိတ်ဆို့မှုများပြုလုပ်ရေး လေ့လာမှုများပြုလုပ်သွားရန် ဖိအားပေးနေခြင်းမှာ တူရကီ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွက် အငြင်းပွားမှုများဖြင့်...
လန်ဒန်၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ဥရောပသမဂ္ဂမှ ဗြိတိန် စနစ်တကျ နုတ်ထွက်နိုင်ရန်နှင့် လက်ရှိအကျပ်အတည်းအခြေအနေကို အချိန်ယူဖြေရှင်းနိုင်ရန်အတွက် Brexit အချိန် ထပ်မံရွှေ့ဆိုင်းဖို့ ဥရောပသမဂ္ဂသို့ လျှောက်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗြိတိန် ဝန်ကြီးချုပ် ထရီဇာမေက ဧပြီ ၂ ရက် ညပိုင်းက အမှတ် (၁ဝ) ဒေါင်းနင်းလမ်း(Downing...
ဘာလင် ၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ဂျာမနီ နိုင်ငံ တွင် မြို့ကြီးများ ၏ ဆင်းရဲနွှမ်းပါးမှု ရာခိုင်နှုန်း သည် တစ်နိုင်ငံလုံး ၏ ပျှမ်းမျှရာခိုင်နှုန်း ထက် မြင့်တက်နေပြီး မြို့ကြီး များ ၌ ဆင်းရဲနွှမ်းပါးမှု ပြဿနာ ပိုမို ဆိုးရွားစွာ...
ဆိုဖီယာ ၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ဘူဂေးရီးယား နိုင်ငံ သမ္မတ ရူမန် ရာဒက်ဗ် ( Rumen Radev ) က ဧပြီ ၂ ရက် နေ့ ၌ ဘူဂေရီးယား နိုင်ငံ အနေဖြင့် ဘူဂေးရီးယား –...
မော်စကို၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိဟောင်းတစ်ဦးဖြစ်သည့် Denis Khisamov အား IS စစ်သွေးကြွအုပ်စု၏ အကြမ်းဖက် လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့မှုဖြင့် ထောင်ဒဏ် ၁၉နှစ်ချမှတ်ခဲ့ကြောင်း Rostov-on-Dov မြို့ ရှိ ရုရှားနိုင်ငံမြောက်ပိုင်း Caucasusခရိုင်စစ်ခုံရုံးက ဧပြီ ၂ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း...
လန်ဒန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ) မန်ချက်စတာယူနိုက်တက်အသင်း နည်းပြ အိုလီဂန်နာဆိုးလ်ရှား(Ole Gunnar Solskjaer) က အသင်း၏ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာ သည် ရီးယဲလ်မက်ဒရစ်အသင်းသို့ပြောင်းရွှေ့ဖွယ်ရှိကြောင်း မကြာသေးမီက ထွက်ပေါ်ခဲ့သော ကောလာဟလနှင့်ပတ်သက်၍ ပေါ့ဘာ အနေဖြင့် မန်ယူအသင်းကို စွန့်ခွာသွားမည်မဟုတ်ကြောင်း ၎င်းအား ကတိပေးခဲ့သည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။
လန်ဒန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ) ကလေးသူငယ် ၄သိန်း အပါအဝင် လန်ဒန်မြို့သားပေါင်း ၂သန်းကျော်သည် မသန့်ရှင်းသော လေကို ရှူရှိုက်နေရကြောင်း မြို့တော်ဝန် ဆာဒိခ်ခန်း ( Sadiq Khan) က ဧပြီ ၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
မော်စကို၊ ဧပြီ ၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ တူလာဒေသ၌ ကားတစ်စီးက သစ်ပင်တစ်ပင်အား ဝင်တိုက်ကာ မြောင်းထဲသို့ ပြုတ်ကျခဲ့ပြီး ကားပေါ်ပါလာသူ ၅ ဦးလုံးသေဆုံးမှု ဧပြီလ ၁ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။