Connect with us

Europe

အယ်လ်ဂျီးရီးယားနိုင်ငံ၏ တောမီးလောင်ကျွမ်းမှုတွင် စစ်သား ၂၅ ဦး နှင့် ဒေသခံ ၇ ဦး သေဆုံး

အယ်လ်ဂျီးစ် ၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ)

အယ်လ်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Tizi Ouzou ပြည်နယ် နှင့် Bejaia ပြည်နယ် တို့တွင် တောမီးအကြီးအကျယ် လောင်ကျွမ်းနေရာ ယင်းတောမီးအား ငြိှမ်းသတ်ရန် ကြိုးပမ်းစဉ် စစ်သား ၂၅ ဦး သေဆုံးခဲ့ရကြောင်း အယ်လ်ဂျီးရီးယားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။အယ်လ်ဂျီးရီးယားနိုင်ငံတစ်ဝှမ်း ပြည်နယ် ၁၄ ခုတွင် ပြီးခဲ့သော တနင်္လာနေ့ညပိုင်းက ညလုံးပေါက် တောမီးများ အဆက်မပြတ်လောင်ကျွမ်းခဲ့ရာ အရပ်သား အနည်းဆုံး ၇ ဦးသေဆုံးခဲ့ရပြီး အခြား ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။ အဆိုပါ မီးလောင်ကျွမ်းမှုများကို “ ရာဇဝတ်မှု လုပ်ရပ်” အဖြစ် ထုတ်ပြန်ချက်ထဲတွင် ဖြည့်စွက် ဖော်ပြထားသည်။

အယ်လ်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Tizi Ouzou ပြည်နယ် တွင် တောမီးအကြီးအကျယ်လောင်ကျွမ်းနေသည်ကို ဩဂုတ် ၁၀ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မီးလောင်ကျွမ်းမှုကြောင့် အသက်ဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသည့် အိမ်ထောင်စုပေါင်း ၁၁၀ ကို ကယ်ထုတ်ရန်အတွက် စစ်သားများ နှင့် မီးသတ်သမားများသည် အတူတကွ အစွမ်းကုန် ကြိုးပမ်းအားထုတ်ခဲ့ရကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အယ်လ်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Tizi Ouzou ပြည်နယ် တွင် တောမီးအကြီးအကျယ်လောင်ကျွမ်းနေသည်ကို ဩဂုတ် ၁၀ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဩဂုတ် ၁၀ ရက် အစောပိုင်းက အယ်လ်ဂျီးရီးယားပြည်ထဲရေးဝန်ကြီး Kamel Beldjoud ကလည်း ယင်းမီးလောင်ကျွမ်းမှုကို “ ရာဇဝတ်မှု လုပ်ရပ်” တစ်ခုအဖြစ် ထုတ်ဖော်ပြောကြားခဲ့ပြီး အာဏာပိုင်များအနေဖြင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားရခြင်းအကြောင်းအရာကို သိရှိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှု စတင်သွားရန် နှင့် ပြစ်မှုကျူးလွန်သူများအား တရားဥပဒေရေးရှေ့မှောက်သို့ အရောက်ပို့ဆောင်နိုင်ရန် တောင်းဆိုခဲ့သည်။

ယင်းတောမီးလောင်ကျွမ်းမှုကြောင့် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ရသည့် ဒေသခံများအားလုံးကို အစိုးရအနေဖြင့် လျော်ကြေးပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက အာမခံခဲ့ပြီး ပျက်စီးဆုံးရှုံးမှုကို တိုင်းတာတွက်ချက်နိုင်ရန် Tizi Ouzou ပြည်နယ်သို့ ကျွမ်းကျင်သူ ၁၄၀ ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တစ်ခုကို စေလွှတ်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)

———————————————–
(English Version)

25 soldiers, 7 residents killed in Algeria’s wildfires

ALGIERS, Aug. 10 (Xinhua) — At least 25 Algerian soldiers were killed on Tuesday as they attempted to extinguish the wildfires raging in the northeastern provinces of Tizi Ouzou and Bejaia, the Algerian Defense Ministry said.

Wildfires erupted simultaneously on Monday overnight across 14 Algerian provinces, killing at least seven civilians and injuring dozens of others, the ministry said in a statement, which described the fires as caused by “criminal act.”

Troops and firefighters worked together to save some 110 families threatened by the blazes, it said.
Earlier on Tuesday, Interior Minister Kamel Beldjoud also described the fires as a “criminal act,” demanding competent authorities start investigation to determine the causes and bring the “criminals” to justice.

The minister assured that the government will compensate all residents who suffered material losses from the wildfires, noting that a delegation of 140 experts will be sent to the province of Tizi Ouzou to assess the extent of damages and losses. Enditem

Photos – Wildfires rage across Algeria.