မော်စကို ၊ မတ် ၁၅ ရက် (ဆင်ဟွာ) CNN သတင်းဌာနက အသစ် ရိုက်ကူးသော ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်အကြောင်း မှတ်တမ်းရုပ်ရှင်အပေါ် အံ့သြမှု မရှိကြောင်း နှင့် ၎င်းမှာ ရုရှားဆန့်ကျင်ရေး ဝါဒဖြန့်ချိမှု တစ်စိတ်တစ်ပိုင်းသာဖြစ်ကြောင်း ရုရှားနိုင်ငံအစိုးရက မတ်လ ၁၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဘူခါရက်၊ မတ် ၁၄ ရက် (ဆင်ဟွာ) ရိုမေးနီးယားနိုင်ငံ အကောက်ခွန်အာဏာပိုင်များက တောင်ပိုင်း Constanta ဆိပ်ကမ်းတွင် မတ်လ ၁၃ရက်က မှောင်ခိုတင်သွင်းလာသည့် စီးကရက် အတောင့် ၇၀၀,၀၀၀ အား ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ညွှန်ကြားရေးမှူးချုပ် က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အန်ကာရာ ၊ မတ် ၁၂ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အန်ကာရာမြို့ရှိ နယ်သာလန်သံရုံး နှင့် အစ္စတန်ဘူလ်မြို့ရှိ နယ်သာလန်ကောင်စစ်ဝန်ရုံးများအပါဝင် သံရုံးအမှုထမ်းနေအိမ်များ အားလုံးကိုပါ လုံခြုံရေးအကြောင်းပြချက်များဖြင့် မတ်လ ၁၁ ရက်က ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင်ဟွာသတင်းဌာနသို့အတည်ပြုပြောကြားသည်။
လန်ဒန်၊မတ် ၁၁ ရက် (ဆင်ဟွာ) အင်္ဂလန်နိုင်ငံ ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲ၏ ဖေဖော်ဝါရီလအတွက် အကောင်းဆုံး နည်းပြဆုကို တစ်လတာအတွင်း အကောင်းဆုံးရလဒ်များ စွမ်းဆောင်ပေးခဲ့သည့် မန်ချက်စတာစီးတီးနည်းပြ ပတ်ဂွာဒီယိုလာက ဆွတ်ခူးရရှိသွားကြောင်း သိရသည်။
အစ္စတန်ဘူလ် ၊ မတ် ၁၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ မတ်လ ၁ဝ ရက်က စီးပွားဖြစ် ဝန်ဆောင်မှုပေးနေသော ရဟတ်ယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွားရာ ရုရှားနိုင်ငံသား ၄ ဦးအပါအဝင် ရဟတ်ယာဉ်ပေါ်လိုက်ပါလာသူ ၇ ဦးစလုံး သေဆုံးသွားကြောင်း အစ္စတန်ဘူလ်မြို့တော်ဝန်က ဆိုသည်။
ဘရပ်ဆဲလ်၊ မတ် ၉ ရက် (ဆင်ဟွာ) အမျိုးသမီးစွန့်ဦးတီထွင်သူများအား ပေးအပ်သည့် ၂၀၁၇ခုနှစ် ဥရောပသမဂ္ဂ(EU)ဆုအား မတ်လ ၈ ရက်တွင် ထူးချွန်အမျိုးသမီးလုပ်ငန်းရှင် ၄ဦးအား ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အန်ကာရာ၊ မတ် ၈ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ သမ္မတ Recep Tayyip Erdogen သည် ရုရှားနိုင်ငံသို့ မတ်လ ၁၀ ရက်တွင် လာရောက် လည်ပတ်ကာ ရုရှားနိုင်ငံသမ္မတ ဗလာဒီမာ ပူတင် နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း တူရကီသမ္မတရုံးက မတ် ၇ ရက်တွင်...
အန်ကာရာ၊ မတ် ၆ ရက် (ဆင်ဟွာ) မတ်လ ၅ ရက်နေ့က ပြုလုပ်ခဲ့သော ၁၂ကြိမ်မြောက် Runatoliaနိုင်ငံတကာအန်တယ်ရာမာရသွန်ပြိုင်ပွဲ တွင် တူရကီအပြေးသမားတစ်ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်း Dogan သတင်းဋ္ဌာန ကဖော်ပြခဲ့သည်။
ဗီယင်နာ၊ မတ် ၃ ရက် (ဆင်ဟွာ) သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ၂၀၁၅ခုနှစ် နှစ်သစ်ကူးအကြိုပွဲတော်ရက်များအတွင်း အဓမ္မပြုကျင့်ခံရသည့် အသက် ၂၈နှစ်အရွယ် ဂျာမန်အမျိုးသမီးအမှု တွင်ပါဝင်သည့် အီရတ်နိုင်ငံသား ၈ဦးအား မတ်လ ၂ရက်က ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့ကြောင်း ပြည်တွင်းမီဒီယာ တစ်ခုကဖော်ပြခဲ့သည်။
ဘာလင်၊ မတ်လ ၁ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ရဲတပ်ဖွဲ့က “Fussilet 33 e.V.” အမည်ရှိ ဗလီအသင်းတစ်ခုအား အကြမ်းဖက်သမားများ နှင့် ချိတ်ဆက်မှုများရှိနေသည့်အတွက် ဖေဖော်ဝါရီ ၂၈ ရက်က ပိတ်ပင်ခဲ့ကြောင်း သိရသည်။