Connect with us

Europe

ယူကရိန်းတွင် ယာဉ်မတော်တဆမှုကြောင့် လူ ၄ဦးသေဆုံး ၇ဦးဒဏ်ရာရရှိ

ယူကရိန်းနိုင်ငံတွင် ယခင်က ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ Rivne ဒေသ တွင် ဇွန် ၂၅ရက် ညနေပိုင်းက ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၄ဦး သေဆုံးပြီး အခြားလူ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားရဲတပ်ဖွဲ့က ဇွန် ၂၆ ရက်တွင်ထုတ်ပြန်ခဲ့သည်။

Kiev-Kovel ပြည်နယ် အဝေးပြေးလမ်းမ ပေါ်တွင် ကားတစ်စီးသည် ခရီးသည်တင်ယာဉ်တစ်စီးအား တိုက်မိပြီး ခရီးသည်တင်ယာဉ်သည် တစ်ဖက်လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားကာ ကုန်တင်ယာဉ်တစ်စီး နှင့် ထပ်မံ တိုက်မိခဲ့ကြောင်း သိရသည်။

ယင်းယာဉ်တိုက်မှုကြောင့် ခရီးသည် ၂ဦး နှင့် ခရီးသည်တင်ယာဉ်မောင်းမှာ အခင်းဖြစ်ပွားရာ၌ပင် သေဆုံးသွားခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ၈ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့အနက် အသက် ၃၆နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း၊ အခြား ၂ဦးမှာ အခြေအနေပြင်းထန်ကြောင်း ဒေသခံ ကျန်းမာရေးစောင့်ရှောက်မှု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယာဉ်မတော်တဆမှုအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး ယာဉ်တိုက်မှုတွင်ပါဝင်သည့် အသက် ၂၀နှစ်အရွယ် အဆိုပါ ကားမောင်းသူအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

၂၀၁၈ခုနှစ် မေလအကုန်အထိ ယူကရိန်းနိုင်ငံ တွင် ယာဉ်မတော်တဆမှုများကြောင့် လူ စုစုပေါင်း ၉၈၈ဦးသေဆုံးခဲ့ပြီး လူ ၁၀,၁၄၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117