ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က အီရန်နိုင်ငံ သမ္မတ အီဘရာဟင် ရိုင်စီ၊ တူရကီနိုင်ငံ သမ္မတ ရီဆပ် တိုင်ယစ် အာဒိုဂန်တို့နှင့် အီရန်နိုင်ငံ တီဟီရန်မြို့တွင် ဇူလိုင် ၁၉ ရက်၌ တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။(Xinhua) ——————— (English Version) Russian President Vladimir Putin...
လန်ဒန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဇူလိုင် ၇ ရက်တွင် အာဏာရပါတီ ကွန်ဆာဗေးတစ်ပါတီ၏ အကြီးအကဲနှင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပြီးနောက် ကွန်ဆာဗေးတစ်ပါတီ အဓိကအရာရှိများက ပါတီခေါင်းဆောင်ရွေးချယ်မှုတွင် ဝင်ရောက်အရွေးခံမည်ဟု ကြေညာခဲ့ကြောင်း သိရသည်။
မော်စကို၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ရုရှားရေတပ်က Poseidon နျူကလီးယား စွမ်းအင်သုံးရေငုပ်ဒရုန်းများ သယ်ဆောင်ရန် ပုံစံထုတ်လုပ်ထားသော ပထမဆုံးရေငုပ်သင်္ဘော Belgorod အား ဇူလိုင် ၈ ရက်၌ လက်ခံရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ရေငုပ်သင်္ဘောသည် ရုရှားနိုင်ငံအတွက် သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနတာဝန်များ အကောင်အထည်ဖော်ရန်နှင့် သမုဒ္ဒရာ၏...
လန်ဒန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် အာဏာရပါတီ ကွန်ဆာဗေးတစ်ပါတီ၏အကြီးအကဲနှင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ကြောင်း ဇူလိုင် ၇ ရက်က အမှတ် ၁၀ ဒေါင်းနင်းလမ်းတွင် ကြေညာခဲ့သည်။ သို့သော်လည်း ဦးဆောင်သူအသစ်ရှိလာသည်အထိ တာဝန်ထမ်းဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထိုမတိုင်မီ...
ဘာလီ၊ အင်ဒိုနီးရှား၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဘာလီကျွန်းတွင် ကျင်းပသော G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်စဉ်ကာလအတွင်း ယူကရိန်းအရေးနှင့်ပတ်သက်၍ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S.Jaishankar နှင့် အမြင်သဘောထားချင်းဖလှယ်ခဲ့သည်။ လက်ရှိယူကရိန်းအခြေအနေနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှု...
မော်စကို၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် တံခါးဖွင့်ထားကြောင်းနှင့် ယူကရိန်းနိုင်ငံနှင့် ဆွေးနွေးမှုများမှာ အချိန်ကြာလာသည်နှင့်အမျှ ပိုမိုခက်ခဲလာနိုင်မည်ဖြစ်ကြောင်း ရုရှား သမ္မတ ဗလာတီမာပူတင်က ဇူလိုင် ၇ ရက်၌ ပြောကြားခဲ့သည်။ “ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအတွက် ကျွန်တော်တို့မှာ ငြင်းဆိုဖို့မရှိပါဘူး။ ဒါပေမဲ့ ငြင်းဆိုနေတဲ့သူတွေကတော့ အချိန်ဖြုန်းနေတာဖြစ်ပြီး ကျွန်တော်တို့နဲ့...
မော်စကို၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) Donetsk ရှိ Artemovsk မြို့အနီးတွင် ယာယီတပ်စွဲထားသော နေရာများနှင့် လက်နက်ခဲယမ်းစက်ရုံများကို ရုရှား၏ လေကြောင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၇ ရက်၌ ပြောကြားခဲ့သည်။ အဆိုပါ နေရာတွင် ယူကရိန်း တပ်ဖွဲ့ဝင် ၃၅၀ နှင့်...
ဗြိတိန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် (Boris Johnson ) သည် ဇူလိုင် ၇ ရက်တွင် ရာထူးမှနုတ်ထွက်ဖွယ်ရှိကြောင်း BBC အပါအဝင် ဗြိတိန်မီဒီယာများက သတင်းဖော်ပြထားကြောင်း သိရသည်။ (Xinhua) …………………………………. (English Version) British...
မော်စကို၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) ၂၀၂၂ ခုနှစ် International Army Games ပြိုင်ပွဲကို နိုင်ငံ ၁၂ နိုင်ငံရှိ နယ်မြေများတွင် ဩဂုတ် ၁၃ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၆ ရက်၌...
ပေကျင်း၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ၏ အဖွဲ့ဝင် ၃၀ နိုင်ငံက ဖင်လန်နှင့် ဆွီဒင် နေတိုးအဖွဲ့ဝင်ဖြစ်ရေး သဘောတူညီချက်ကို ဇူလိုင် ၅ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး နေတိုးအဖွဲ့ “မြောက်ဘက်သို့ တိုးချဲ့မှု” ဆီသို့ ဆက်လက်ဦးတည်ခဲ့သည်။