မော်စကို ၊ ဇွန် ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံအား စစ်ဘက်ဆိုင်ရာအကူအညီများ အဆက်မပြတ်ထောက်ပံ့ပေးပို့နေခြင်းမှာ“ ရည်ရွယ်ချက်ရှိရှိ ၊ လုံးလရှိရှိ နဲ့ မီးပုံထဲကို လောင်စာဖြည့်တင်းနေခြင်း” ဖြစ်သည်ဟု ရုရှား ကရင်မလင်နန်းတော်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။...
ဘရပ်ဆဲလ်၊ ဇွန် ၁ ရက်(ဆင်ဟွာ) နှစ်ရက်ကြာ ကျင်းပခဲ့သည် ဥရောပသမဂ္ဂ(EU)ထိပ်သီးဆွေးနွေးပွဲသည်မေ ၃၁ ရက်တွင် ပြီးဆုံးခဲ့သည်။ ဆွေးနွေးပွဲတွင် ရုရှားရေနံ တစ်စိတ်တစ်ပိုင်း ပိတ်ဆို့တားမြစ်ခြင်း အပြင် ဥရောပသမဂ္ဂက မိမိ၏ကာကွယ်ရေးစွမ်းရည် တိုးမြှင့်၍ ရုရှားစွမ်းအင် အားထားနေရမှုမှ ရုန်းထွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
မက်ဒရစ်၊ ဇွန် ၁ ရက် (ဆင်ဟွာ) စပိန်နိုင်ငံ၌ မျောက်ကျောက်ရောဂါထပ်မံကူးစက်ခံရသော အတည်ပြုလူနာ ၁၂ ဦး ရှိကြောင်း စပိန်ကျန်းမာရေးဝန်ကြီးဌာနက မေ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး စပိန်နိုင်ငံ၌ စုစုပေါင်း ကူးစက်ခံရသူ ၁၃၂ ဦးအထိ တိုးလာခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ) ယူကရိန်းသည် ဒိန်းမတ်မှ သင်္ဘော ဖျက်ဒုံးကျည်နှင့် အမေရိကန်မှ Self-Propelled Howitzer များ စတင်လက်ခံနေပြီဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီး Oleksiy Reznikov က မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ မေ ၂၉ ရက်(ဆင်ဟွာ) ရုရှားဖရီးဂိတ်စစ်သင်္ဘော Gorshkov သည် ဘာရန်းစ်ပင်လယ်ပြင်(Barents) မှနေ၍ မေ ၂၈ ရက်တွင် အသံထက်မြန်သော (Tsirkon) ဇာခွန်ဟိုက်ပါဆွန်းနစ် ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာက ပြောကြားခဲ့သည်။
မော်စကို၊ မေ ၂၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် ယူရေးရှား စီးပွားရေးသမဂ္ဂ (EAEU) နှင့် အီရန်နိုင်ငံကြား သဘောတူညီချက်အသစ် မရရှိသေးမီတိုင်အောင် ကြားဖြတ်လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် သက်တမ်းတိုးရန် အဆိုပြုချက်ကို ထောက်ခံကြောင်း ရုရှား သမ္မတ ဗလာတီမာပူတင်က မေ ၂၇ ရက်၌ ပြောကြားခဲ့သည်။ ဆွေးနွေးညှိနှိုင်းမှုများသည်...
မော်စကို၊ မေ ၂၇ ရက်(ဆင်ဟွာ) ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်း ကျော်လွှားနိုင်ရေးအတွက် ရုရှားအနေဖြင့် စားနပ်ရိက္ခာနှင့် ဓါတ်မြေဩဇာများကို တင်ပို့ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း၊ သို့သော် ထိုသို့ဆောင်ရွက်နိုင်ရေး အနောက်နိုင်ငံများက နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ကန့်သတ်ထားမှုများကို ပယ်ဖျက်ရန် လိုအပ်ကြောင်း ရုရှားသမ္မတ ပူတင်က မေ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ယင်းနေ့တွင်...
မော်စကို၊ မေ ၂၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံအား အထီးကျန်ဖြစ်စေရန် ကြိုးပမ်းအားထုတ်သောနိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံများသာ ကနဦးထိခိုက်စေမည်ဖြစ်ကြောင်း ရုရှား သမ္မတ ဗလာတီမာပူတင်က မေ ၂၆ ရက်က ပြောကြားခဲ့သည်။ ရုရှားနိုင်ငံအား အထီးကျန်ဖြစ်စေရန် အလွယ်တကူ မပြုလုပ်နိုင်သလို ဖြစ်လည်းမဖြစ်နိုင်ကြောင်းနှင့် “အဲဒီလိုလုပ်ဖို့ စိတ်ကူးရှိသူတွေကိုယ်တိုင်သာ အဆိုးဝါးဆုံးထိခိုက်လိမ့်မည်” ဖြစ်ကြောင်း...
မော်စကို၊ မေ ၂၆ ရက်(ဆင်ဟွာ) ဂျပန်၏ရန်လိုသောလှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်နေပြီး တုန့်ပြန်ရန်အတွက် ၎င်းအနေဖြင့် ကာကွယ်ရေးစွမ်းရည် မြှင့်တင်ပိုင်ခွင့်ရှိကြောင်း ရုရှားက မေ ၂၅ ရက်(ဗုဒ္ဓဟူးနေ့)တွင် ပြောကြားခဲ့သည်။ မေ ၂၄ ရက်(အင်္ဂါနေ့)တွင် တရုတ်-ရုရှား နှစ်နိုင်ငံလေတပ် မဟာဗျူဟာမြောက် ပူးတွဲကင်းလှည့်ခြင်းအပေါ် ဂျပန်၏ဆန့်ကျင်မှုအား ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria...
ပေကျင်း၊ မေ ၂၆ ရက်(ဆင်ဟွာ) ယခုအကြိမ် လှုပ်ရှားမှုက အခြား တတိယတစ်ဖက်အား ဦးတည်ခြင်းမဟုတ်သလို လက်ရှိနိုင်ငံတကာနှင့်ဒေသရေးရာအခြေအနေနှင့်သက်ဆိုင်မှုမရှိကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချန်းက မေ ၂၄ ရက်တွင် တရုတ်-ရုရှား မဟာဗျူဟာမြောက် ပူးတွဲလေကြောင်း ကင်းလှည့်ခြင်းအပေါ် သတင်းထောက်များ၏ မေးမြန်းမှုအား တုန့်ပြန် ဖြေကြားခဲ့သည်။ တရုတ်-ရုရှား...