ကိဗ်၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ပိုင်နက်နယ်မြေကို အဆုံးရှုံးခံပြီး ရုရှားနှင့်စစ်ချုပ်ငြိမ်းရေး အလဲအလှယ်လုပ်မည်မဟုတ်ဟု ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ပြောကြားခဲ့ကြောင်း Ukrinform သတင်းအေဂျင်စီက ဧပြီ ၁၇ ရက်တွင် ဖော်ပြထားသည်။
မော်စကို ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၏ တပ်ဖွဲ့များက ယူကရိန်းနိုင်ငံ ကိဗ်ဒေသအတွင်းရှိ လက်နက်ခဲယမ်းစက်ရုံတစ်ရုံအား ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ရုရှားလက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ဥရောပနိုင်ငံတစ်နိုင်ငံမှ ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ပေးအပ်ခဲ့သည့် လေကြောင်းရန်-ကာကွယ်ရေးကိရိယာများကို ချေမှုန်းဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၂ ရက်တွင်ပြောကြားခဲ့သည်။
အော့တဝါ ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံအနေဖြင့် ရုရှားကာကွယ်ရေးကဏ္ဍအပေါ် ပိတ်ဆို့အရေးယူမှုအသစ် ချမှတ်လိုက်ကြောင်း ဧပြီ ၁၁ ရက်တွင် ကနေဒါနိုင်ငံခြားရေးဝန်ကြီး Melanie Joly က ကြေညာခဲ့သည်။
နယူးယောက်၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ဩစတြီးယား ဝန်ကြီးချုပ် Karl Nehammerသည် ဧပြီ ၁၁ ရက် ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်ပြီး ရုရှား သမ္မတ ပူတင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းနေ့တွင်ပင် ကျင်းပသည့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ရုရှား ရေနံနှင့်သဘာဝဓါတ်ငွေ့ ပိတ်ဆို့မှုအပေါ် ဆုံးဖြတ်ချက် မချနိုင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) စီးပွားရေးတည်ငြိမ်မှုအတွက် အရန်ရန်ပုံငွေထပ်တိုးသွားမည်ဖြစ်ကြောင်း ရုရှားအစိုးရက ဧပြီ ၁၀ ရက်တွင် ကြေညာခဲ့သည်။ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက သံတမန်နည်းလမ်းဖြင့် ပဋိပက္ခဖြေရှင်းရေး အခွင့်အလမ်းကို လုံးဝ အဆုံးရှုံးခံမည်မဟုတ်သော်လည်း ယူကရိန်း၏တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ___ ပြင်ပပိတ်ဆို့မှုအခြေအနေတွင် စီးပွားရေးတည်ငြိမ်ရန်အတွက်...
မော်စကို၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံအစိုးရသည် ပြည်ပဒဏ်ခတ်ပိတ်ဆို့မှုများရင်ဆိုင်ကြုံတွေ့နေရချိန်တွင် တိုင်းပြည်၏ စီးပွားရေးတည်ငြိမ်မှု အာမခံနိုင်ရန်အတွက် ၎င်း၏ အရန်ငွေကြေး ရန်ပုံငွေကို ရူဘယ် ၂၇၃.၄ ဘီလီယံ(အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံ) အထိတိုးမြှင့်ထားလိုက်ပြီးဖြစ်ကြောင်း သိရသည်။ တိုးမြှင့်ခြင်း အကြီးဆုံးအရင်းအမြစ် သို့မဟုတ် ရူဘယ်ငွေ ၂၇၁.၆ ဘီလီယံသည် ၂၀၂၂...
မော်စကို၊ ဧပြီ ၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နေရာမှ ဧပြီ ၇ ရက်ကစပြီး ကြိုတင် ရပ်နားအဆုံးသတ်ရန် ဆုံးဖြတ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ယင်းနေ့က ရုရှားကို လူအခွင့်အရေးကောင်စီအဖွဲ့ဝင်နေရာမှ ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ရာ ယင်းဆုံးဖြတ်မှုသည် “တရားမဝင်...
မော်စကို၊ ဧပြီ ၇ ရက်(ဆင်ဟွာ) ပြီးခဲ့သည့်ရက်ပိုင်းတွင် ယူကရိန်း၌ ရုရှားစစ်တပ်က အရပ်သားများအား သတ်ဖြတ်သည်ဟူသော စွပ်စွဲချက်ဖြစ်သည့် ”ဘူချာ ဖြစ်ရပ်”ကြောင့် ဥရောပတိုက်တွင် ပြင်းထန်သည့် သံတမန်တိုက်ပွဲ ဖြစ်ပွားလာသည်။ ဥရောပတိုက်နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်က ရုရှားသံတမန် အယောက် ၁၀၀ ကျော်ကို နှင်ထုတ်မှုများ ပြုလုပ်ခဲ့သည်။ ထို့အပေါ်ရုရှားဘက်က...
ပေကျင်း ၊ ဧပြီ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အမေရိကန်နိုင်ငံ ၊ ဗြိတိန်နိုင်ငံ နှင့် ဩစတြေးလျ နိုင်ငံတို့အား ငြိမ်းချမ်းရေး ၊ ဖွံ့ဖြိုးတိုးတက်မှု ၊ ပူးပေါင်းဆောင်ရွက်ရေး နှင့် win-win ရလာဒ်များ အတွက် အာရှ-ပစိဖိတ်နိုင်ငံများ၏ ရည်မှန်းချက်ကို မျက်နှာမူရန် ၊...