Connect with us

Europe

ဥရောပပြေးလမ်းပေါ်သို့ ရွှေ့ပြောင်းလာသည့် တရုတ် လျှပ်စစ်ကားများ

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် IAA MOBILITY 2023 ဟု တရားဝင်လူသိများသော 2023 International Motor Show အတွင်း AVATR 12 ကားကို ကြည့်ရှုနေသူများအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

နောက်ဆုံးပေါ်နည်းပညာ၊ ကောင်းမွန်သောဈေးကွက်ဝင်မော်ဒယ်များနှင့် အများနှင့်ယှဉ်နိုင်သော ဈေးနှုန်းများဖြင့် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများ (EV) သည် ဥရောပနှင့် ကမ္ဘာ့အဆင့် ပြေးလမ်းပေါ်သို့ ဦးတည်လျက်ရှိသည်။

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် IAA MOBILITY 2023 ဟု တရားဝင်လူသိများသော 2023 International Motor Show အတွင်း BYD အရောင်းပြခန်း၌ လေ့လာနေသူများအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

BYD, NIO, Xpeng, Hongqi နှင့် Lynk & Co ကဲ့သို့ အမှတ်တံဆိပ်များသည် ဥရောပရှိ မော်တော်ကားပြပွဲများ၊ အရောင်းပြခန်းများ၌ နာမည်ရနေပြီဖြစ်ကာ လမ်းမများပေါ်၌လည်း မောင်းနှင်ပြေးဆွဲနေပြီဖြစ်သည်။ ယခုနှစ်အတွင်း ဥရောပ၌ ရောင်းချခဲ့ပြီးသော လျှပ်စစ်ကားအသစ် ၈ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံထုတ်ကားများဖြစ်ကြောင်း၊ ယင်းပမာဏမှာ ၂၀၂၂ ခုနှစ်တွင် ၆ ရာခိုင်နှုန်းနှင့် ၂၀၂၁ ခုနှစ် ၄ ရာခိုင်နှုန်း ရှိရာမှ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း မော်တော်ကား အကြံပေးကုမ္ပဏီ Inovev အရ သိရသည်။

အများနှင့် ယှဉ်ပြိုင်နိုင်သောဈေးနှုန်းများ၊ အဆင့်မြင့်နည်းပညာနှင့် ဘေးကင်းသောသွင်ပြင်လက္ခဏာများဖြင့် တရုတ်နိုင်ငံ၏ လျှပ်စစ်ကားလုပ်ငန်းသည် အမှတ်တံဆိပ်အသိအမှတ်ပြုမှု ထူထောင်နိုင်ရန်နှင့် ၎င်း၏ဈေးကွက် အနေအထား ခိုင်မာရန် ခရီးဝေးနေသေးသော်ငြားလည်း ဥရောပတွင် အခြေကျနေပြီဖြစ်သည်။ (Xinhua)

………………………………
(English Version)
Chinese EVs moving into fast lane in Europe

BRUSSELS, Sept. 12 (Xinhua) — With its cutting-edge technology, novel marketing models and competitive prices, China’s electric vehicle (EV) industry is heading for the fast lane at both European and global level.
Brands such as BYD, NIO, Xpeng, Hongqi and Lynk & Co are making a name in Europe at motor shows, in showrooms, and out on the road. According to auto consultancy Inovev, 8 percent of new EVs sold in Europe so far this year were Chinese, up from 6 percent in 2022, and 4 percent in 2021.
China’s EV industry, with its competitive prices, advanced technology, and safety features, is gaining ground in Europe, yet there’s still a long way ahead to establish brand recognition and solidify its market position.
Photo 1: People view an AVATR 12 during the 2023 International Motor Show, officially known as the IAA MOBILITY 2023, in Munich, Germany, Sept. 5, 2023.(Xinhua/Zhang Fan)
Photo 2: People visit the BYD booth at the 2023 International Motor Show, officially known as the IAA MOBILITY 2023, in Munich, Germany, Sept. 8, 2023. (Xinhua/Zhang Fan)