ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) အီရန်နျူကလီးယားအရေးကိစ္စ သဘောတူညီချက်အား ပြန်လည်လိုက်နာရေးနှင့် ပတ်သက်၍ အမေရိကန်က ထပ်လောင်းတောင်းဆိုမှုများ ပြုလုပ်နေရာ စေ့စပ်ညှိနှိုင်းမှုများကို ပိုမိုခတ်ခဲစေသည်ဟု အီရန်အရာရှိက မတ် ၁၀ ရက်တွင် စွပ်စွဲပြစ်တင်ခဲ့သလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ သက်ဆိုင်ရာအဖွဲ့များက သဘောတူညီချက်အသစ် ရရှိလုနီးပါးဖြစ်ကြောင်းနှင့် ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိကြောင်း...
ဂျေရုဆလင်၊ မတ် ၁၁ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် Aviv Kohavi သည် ဘာရိန်းနိုင်ငံရှိ အမေရိကန် ရေတပ်၏ ပဉ္စမမြောက် ရေတပ်ဌာနချုပ်သို့ မတ် ၁၀ ရက် က သွားရောက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ထုတ်ပြန်သော ကြေညာချက်တစ်ရပ်အရ သိရသည်။
ဘစ်ရှ်ကတ်ရှ် ၊ မတ် ၁၁ ရက် (ဆင်ဟွာ) ကာဂျစ္စတန်နိုင်ငံနှင့် တာဂျစ်ကစ္စတန်နိုင်ငံတို့က မတ် ၁၀ ရက်တွင် နှစ်နိုင်ငံနယ်စပ်ဒေသ၌ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ကာဂျစ္စတန်နိုင်ငံ အမျိုးသားလုံခြုံရေးကော်မရှင် သတင်းထုတ်ပြန်ရေးဗျူရိုက မတ် ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုနေ့နံနက်ပိုင်းတွင် ကာဂျစ္စတန်နိုင်ငံ Batken ပြည်နယ်...
ကိဗ်၊ မတ် ၁၁ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ၌ ရုရှားပိုင်ဆိုင်သော ဥစ္စာပစ္စည်းများအား သိမ်းယူခွင့်ပြုသော ဥပဒေတစ်ရပ်ကို ယူကရိန်း သမ္မတ Volodymyr Zelensky က လက်မှတ်ရေးထိုးလိုက်ကြောင်း ယူကရိန်းလွှတ်တော်က မတ် ၁၀ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ကိဗ်၊ မော်စကို၊ မတ် ၁၁ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ မြောက်ပိုင်းရှိ ချာနိုဘိုင်း (Chernobyl) နျူကလီးယားစွမ်းအင်စက်ရုံသည် ဓာတ်အားလိုင်းမှ ချိတ်ဆက်မှုပြတ်တောက်လျက်ရှိကြောင်း ယူကရိန်း နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Ukrenergo က မတ် ၉ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၁၀ ရက်(ဆင်ဟွာ) ရုရှားက ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ သဘောတူညီချက်များကို နောက်ဆုတ်ပေးမည်မဟုတ်ဟု ရုရှားနိုင်ငံ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ ဝင် Leonid Slutsky က မတ် ၉ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်သည် နေတိုးအဖွဲ့ဝင်နိုင်ငံများမှ ယူကရိန်းသို့ တိုက်လေယာဉ်များ ထောက်ပံ့ပေးမှုကို ဆန့်ကျင်ကြောင်း အမေရိကန် ကာကွယ်ရေးဌာန...
မော်စကို ၊ မတ် ၁၀ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ၌ အမေရိကန်က ငွေကြေးထောက်ပံ့မှုဖြင့် တည်ဆောက်ထားသော ဇီဝဓာတ်ခွဲခန်းများနှင့်ပတ်သက်သည့် ရည်ရွယ်ချက်များကို နိုင်ငံတကာအသိုင်းအဝိုင်းသို့ ဖြေရှင်းချက်ပေးရမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၉ ရက်တွင် တိုက်တွန်းတောင်းဆိုလိုက်သည်။
ဝါရှင်တန်၊ မတ် ၉ ရက် (ဆင်ဟွာ) မြောက်အန္တလန္တိတ်စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) အဖွဲ့ဝင်နိုင်ငံများသည် စစ်ဝါဒီဆန်ဆန် စီမံကိန်းများ ဆက်လက်ဆောင်ရွက်သွားရန် ယူကရိန်းနိုင်ငံ ပဋိပက္ခကို အသုံးချလျက်ရှိကြောင်း အမေရိကန်မီဒီယာ သတင်းအရ သိရသည်။
မော်စကို၊ မတ် ၉ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံမှ အာဏာပိုင်များသည် နိုင်ငံအတွင်း အမေရိကန်၏ ရန်ပုံငွေဖြင့်တည်ဆောက်ထားသော ဓာတ်ခွဲခန်းများ၌ ထိန်းသိမ်းထားသည့် လူကိုသေစေနိုင်သော ရောဂါများဖြစ်ပွားစေသည့် အန္တရာယ်ရှိရောဂါကူးစက်ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၈ ရက်၌ အတည်ပြုပြောကြားခဲ့သည်။
ကိဗ် ၊ မတ် ၉ ရက်(ဆင်ဟွာ) Donetsk ၊ Lugansk နှင့် Crimea တို့၏ ရှေ့ရေးအလားအလာ နှင့် လုံခြုံရေးအာမခံချက်များနှင့်ပတ်သက်၍ ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံနှင့် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ရန် အဆင်သင့်ရှိကြောင်း မတ် ၈ ရက်တွင် ယူကရိန်းနိုင်ငံ သမ္မတ၏ တရားဝင် website...