Connect with us

Europe

ဘီလာရုဇ်နိုင်ငံကကုန်သွယ်ဖက်အချို့နှင့် ငွေစာရင်းရှင်းရာ၌ အမေရိကန်ဒေါ်လာနှင့်ယူရိုငွေကို ယခုနှစ်ကုန်တွင် အသုံးမပြုတော့ရန် စီစဉ်

ဘီလာရုဇ်နိုင်ငံ မင့်စ်ခ်မြို့၌ ကျင်းပသော ၂၉ ကြိမ်မြောက် ဘီလာရုဇ် နိုင်ငံတကာ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာ ပြပွဲအား ၂၀၂၃ ခုနှစ် ဧပြီ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မင့်စ်ခ်၊ မေ ၂၆ ရက် (ဆင်ဟွာ)

ဘီလာရုဇ်နိုင်ငံက ၂၀၂၃ ခုနှစ် နှစ်ကုန်တွင် ယူရေးရှား စီးပွားရေး သမဂ္ဂ အပါအဝင် အခြားနိုင်ငံများနှင့် ကုန်သွယ်မှု ငွေစာရင်းရှင်းရာ၌ အမေရိကန်ဒေါ်လာနှင့်ယူရိုငွေကို အသုံးမပြုတော့ရန် စီစဉ်ထားကြောင်း ဘီလာရုဇ်နိုင်ငံ ပထမ ဒုတိယဝန်ကြီးချုပ် Nikolai Snopkovက မေ ၂၄ ရက် လွှတ်တော်တွင် ပြောကြားခဲ့သည်။အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကြောင့် ငွေစာရင်းရှင်းရာတွင် အခက်အခဲများ ဖြစ်စေခဲ့ကြောင်း၊ လက်ရှိ ဘီလာရုဇ်နိုင်ငံ၏ ကုန်သွယ်ရေးတွင် အမေရိကန် ဒေါ်လာနှင့် ယူရိုငွေ အသုံးပြုမှု လျော့နည်းလာကြောင်း Nikolai Snopkov က ပြောသည်။ ဘီလာရုဇ်အနေဖြင့် ၂၀၂၃ ခုနှစ်အတွင်းမှာပင် ယူရေးရှား စီးပွားရေး သမဂ္ဂ အပါအဝင် အခြားနိုင်ငံများနှင့် ကုန်သွယ်မှု ငွေစာရင်းရှင်းရာ၌ အမေရိကန်ဒေါ်လာနှင့်ယူရိုငွေကို အသုံးမပြုတော့ရန် ရည်မှန်းထားကြောင်း၊ လက်ရှိတွင် အဆိုပါကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှု ငွေစာရင်းရှင်းရာတွင် အမေရိကန်ဒေါ်လာနှင့်ယူရိုငွေပါဝင်မှုသည် ၈ ရာခိုင်နှုန်းခန့်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပြည်ပစီးပွားရေးလှုပ်ရှားမှုများ ငွေစာရင်းရှင်းရာတွင် ညှိနှိုင်းဆောင်ရွက်ရန် ဘီလာရုဇ်ဗဟိုဘဏ်က သီးခြားလုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားပြီး ကုမ္ပဏီလုပ်ငန်းများ ပြည်ပကုန်သွယ်ရေး ငွေစာရင်းရှင်းမှုကို တတ်နိုင်သမျှ ကူညီဆောင်ရွက်လျက်ရှိကြောင်း Nikolai Snopkov က ပြောကြားခဲ့သည်။

ဘီလာရုဇ်၏ ယခုနှစ် ပထမသုံးလပတ်တွင် ကုန်စည်နှင့်ဝန်ဆောင်မှု ကုန်သွယ်ရေး တင်ပို့မှုသည် ၁၀ နှစ် နီးပါးအတွင်း အမြင့်ဆုံးစံချိန်ဖြစ်ခဲ့ရာ ပြည်ပကုန်သွယ်မှု ပိုငွေကို ထိန်းထားနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယူရေးရှား စီးပွားရေး သမဂ္ဂကို ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများတွင် ရုရှား ၊ ကာဇက်စတန်၊ ဘီလာရုဇ်၊ ကာဂျစ္စတန်နှင့်အာမေးနီးယား တို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)

#Belarus #Abandon #Dollar&Euro #TradeSettlement #ဘီလာရုဇ် #ကုန်သွယ်ရေးငွေစာရင်းရှင်းမှု #ဒေါ်လာနှင့်ယူရိုငွေ
——————————–

白俄罗斯计划年底与部分贸易伙伴放弃美元和欧元结算
新华社明斯克5月24日电(记者鲁金博)白俄罗斯第一副总理斯诺普科夫24日在议会发表讲话时表示,白俄罗斯计划到2023年底在与欧亚经济联盟内其他国家的贸易结算中放弃使用美元和欧元。

斯诺普科夫指出,西方制裁导致结算困难,目前白俄罗斯贸易结算中使用美元和欧元情况持续减少。白俄罗斯的目标是2023年内在与欧亚经济联盟内其他国家的贸易中放弃美元和欧元的结算方式。目前美元和欧元在白俄罗斯与这些贸易伙伴贸易结算中所占份额约为8%。
斯诺普科夫说,白俄罗斯国家银行成立了专门工作组协调对外经济活动的结算,最大限度帮助企业完成对外贸易结算。
斯诺普科夫表示,白俄罗斯今年一季度货物和服务贸易出口创近十年新高,外贸保持顺差。
欧亚经济联盟成立于2015年,成员国包括俄罗斯、哈萨克斯坦、白俄罗斯、吉尔吉斯斯坦和亚美尼亚。(完)
1. 第29届白俄罗斯国际通信和信息技术展4月18日在明斯克开幕。新华社发(任科夫摄)