ဂျေရုဆလမ် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) အစ္စရေးကာကွယ်ရေး အီလက်ထရောနစ်ကုမ္ပဏီ Elbit Systems က Apache ရဟတ်ယာဉ်များအတွက် မြင်ကွင်းစနစ်များနှင့်အတူ အမေရိကန်စစ်တပ်အား ထောက်ပံ့သွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၆ ရက်တွင် ကုမ္ပဏီက ပြောကြားခဲ့သည်။
ဆန်ဖရန်စစ္စကို၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) King ကောင်တီတွင် နေထိုင်သော အသက် ၃၀ ကျော် ၄၀ နီးပါး အမျိုးသမီးတစ်ဦးသည် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်၌ Johnson & Johnson COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူပြီးနောက် ပထမဦးဆုံး သွေးခဲသောရောဂါလက္ခဏာဖြင့် သေဆုံးခဲ့ရသည့်အမျိုးသမီးတစ်ဦးဖြစ်လာကြောင်း ဒေသခံ ကျန်းမာရေးအရာရှိများက...
ဝယ်လ်လင်တန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံ၏ အကြီးဆုံးစီးပွားရေးလုပ်ငန်းအသင်းက လုပ်ငန်းခွင်ဝင်ရောက်ရာတွင် ဒီဂျစ်တယ် ကာကွယ်ဆေး ပတ်စပို့များ မဖြစ်မနေကိုင်ဆောင်ရေးအတွက် ပြောကြားခဲ့ကြောင်း သိရသည်။
ရောမ ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) အီတလီနိုင်ငံ မီလန်မြို့ပြင်ရှိ အဆောက်အအုံတစ်လုံးထဲသို့ ပုဂ္ဂလိကလေယာဉ်ငယ်တစ်စင်းသည် အောက်တိုဘာ ၃ ရက်တွင် ပျက်ကျသွားပြီး လူ ၈ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။ Pilatus PC-12 လေယာဉ်သည် ပြုပြင်မွမ်းမံလျက်ရှိသည့် နှစ်ထပ်အဆောက်အအုံထဲသို့ ပျက်ကျသွားပြီး လေယာဉ်မှူး နှင့်...
ဂျီနီဗာ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) အမေရိကန်နှင့် ရုရှား နှစ်နိုင်ငံ ကိုယ်စားလှယ်များသည် မဟာဗျူဟာတည်ငြိမ်ရေး တွေ့ဆုံဆွေးနွေးမှု ဒုတိယအကြိမ်အစည်းအဝေးကို ဆွီဒင်နိုင်ငံ ဂျီနီဗာမြို့တွင် စက်တင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့ရာ နှစ်ဖက်ဌာနချင်းဆက်ဆံရေး ကျွမ်းကျင်လုပ်ငန်းအဖွဲ့နှစ်ခု ဖွဲ့စည်းရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြကြောင်း သိရသည်။
ပဲရစ်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ သမ္မတဟောင်း နီကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy) သည် ၂၀၁၂ ခုနှစ်က ၎င်း၏ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးလှုံ့ဆော်မှုအတွင်း တရားမဝင်ငွေကြေးထောက်ပံ့မှုအတွက် အကျဉ်းထောင်တွင် ပြစ်ဒဏ်တစ်နှစ်ကျခံရန် အမိန့်ချမှတ်ခြင်းခံခဲ့ရကြောင်း ပဲရစ်မြို့ရှိ တရားရုံးက စက်တင်ဘာ ၃၀ ရက်၌ ကြေညာခဲ့သည်။
မော်စကို၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေဆိုးဝါးလာရာ ယခုရက်သတ္တပတ် ၂ ပတ်အတွင်း ကိုဗစ်လူနာ ဦးရေ ၂၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ရုရှားဝန်ကြီးချုပ် မစ်ရှုစတင်က စက်တင်ဘာ ၃၀ ရက် ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေး အစည်းအဝေးတွင် ပြောကြားခဲ့သည်။
အော့တဝါ ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ၊ ဆဒ်ဘူရီ မြို့ Vale’ Totten သတ္တုမိုင်းတွင်းရှိ မြေအောက်၌ ပိတ်မိနေသည့် မိုင်းလုပ်သား ၃၉ ဦးလုံးအား ကယ်တင်နိုင်ခဲ့ကြောင်း CTV ရုပ်မြင်သံကြားတွင် စက်တင်ဘာ ၂၉ ရက်က ဖော်ပြချက်အရ သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) ဗြိတိန်က ယခုနှစ် နှစ်ကုန်ပိုင်းတွင် အီတလီ၊ ဆွီဒင်နှင့်သဘောတူမှုစာချုပ် ချုပ်ဆိုရန်ရှိရာ ဗြိတိန်က ဦးဆောင်သည့် မျိုးဆက်သစ် တိုက်လေယာဉ်”Tempest” ပူးပေါင်းတီထွင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ၊ ဂျပန်နှင့်သက်ဆိုင်ရာဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ဗြိတိန်လေကြောင်း အာကာသစနစ် ကုမ္ပဏီ(BAE)က စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) ရုရှားတိုက်လေယာဉ်တစ်စင်းက စက်တင်ဘာ ၂၈ ရက်တွင် ပင်လယ်နက်ပေါ် ပျံသန်းနေသည့် အမေရိကန်ကင်းထောက်လေယာဉ်တစ်စင်းအား အတူလိုက်ပါစောင့်ကြည့်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။