Connect with us

Europe

ရုရှားက ဂျပန်လွှတ်တော်အမတ် ၃၈၄ ဦးအား တန်ပြန်ပိတ်ဆို့မှုနှင့် ပြည်ဝင်ခွင့် ပိတ်ပင်မှုများ ပြုလုပ်

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနအဆောက်အဦအား ၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျပန် လွှတ်တော်အမတ် ၃၈၄ ဦးအား ပိတ်ဆို့အရေးယူရန်နှင့် ပြည်ဝင်ခွင့် ပိတ်ပင်ရန် ဆုံးဖြတ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယခုနှစ် ဧပြီလတွင် ဂျပန်အစိုးရက ရုရှားအောက်လွှတ်တော်အမတ်များကို တစ်သီးပုဂ္ဂလပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဇူလိုင် ၁၄ ရက်မှစပြီး ဂျပန်လွှတ်တော်အမတ် ၃၈၄ ဦးကို ပြည်ဝင်ခွင့် ပိတ်ပင်ရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း၊ ရုရှားအထူးစစ်ဆင်ရေးလှုပ်ရှားမှုတွင် ထိုလူများက ချစ်ကြည်ရင်းနှီးမှုမရှိသော ရုရှားဆန့်ကျင်ရေးရပ်တည်မှု၊ ရုရှားအပေါ် အခြေအမြစ်မရှိ ပြစ်တင်ရှုတ်ချခြင်းများ ပြုလုပ်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)
………………………………….

(Chinese Version)
(新华简讯)俄罗斯宣布禁止384名日本国会众议员入境
2022-07-16 09:29:14 分类: 政治法律
新华社莫斯科7月15日电俄罗斯外交部15日发表声明说,俄方决定对384名日本国会众议员实施制裁,禁止其进入俄罗斯。
声明说,由于日本政府今年4月对俄国家杜马(议会下院)多名议员实施个人制裁,俄外交部决定从14日起禁止384名日本国会众议员进入俄罗斯。在俄罗斯开展特别军事行动的背景下,这些人采取不友好的反俄立场,对俄方进行了毫无根据的指责。(完)
File photo taken on April 16, 2021 shows the Ministry of Foreign Affairs of Russia in Moscow. (Xinhua/Evgeny Sinitsyn)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.