Europe
Pfizer/BioNTech က အီးယူထံ COVID-19 ကာကွယ်ဆေးပေးပို့ရန် အရှိန်မြှင့်ဆောင်ရွက်
ဘရပ်ဆဲ၊ မတ် ၁၇ ရက် (ဆင်ဟွာ)
ဥရောပကော်မရှင်သည် ၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ်အတွက် Pfizer/BioNTech ၏ COVID-19 ကာကွယ်ဆေး ၁၀ သန်းပေးပို့နိုင်ရေးအတွက် အရှိန်မြှင့်ဆောင်ရွက်ရန် မတ် ၁၆ ရက်က အဆိုပြုခဲ့ကြောင်း သိရသည်။
၎င်းအဆိုပြုချက်သည် ကာကွယ်ဆေးထုတ်လုပ်သူနှင့် သဘောတူညီချက်ရရှိပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သော်လည်း ဥရောပသမဂ္ဂ (EU) ၏ အမှုဆောင်အဖွဲ့ရုံးခွဲဖြစ်သော ပူးတွဲဦးဆောင်ဘုတ်အဖွဲ့တွင် အီးယူအဖွဲ့ဝင်နိုင်ငံများမှ ခွင့်ပြုချက်ရယူရဦးမည်ဖြစ်သည်။
အဆိုပါ အရှိန်မြှင့်ပို့ဆောင်မည့် ကာကွယ်ဆေး အလုံးရေ ၁၀ သန်းသည် အီးယူနှင့် Pfizer/BioNTech ကြား ဒုတိယမြောက်သဘောတူစာချုပ်အရ အီးယူက မှာယူထားသည့် ဆေးအလုံးရေ သန်း ၁၀၀ ထဲမှ မှာယူထားခြင်းဖြစ်သည်။ ထိုသို့ပို့ဆောင်မှုအား မူလက ယခုနှစ် တတိယနှင့် စတုတ္ထ သုံးလပတ်အတွက် လျာထားခြင်းဖြစ်သည်။
လာမည့် တတိယ သုံးလပတ်သည် အီးယူအဖွဲ့ဝင်နိုင်ငံများ၌ ကာကွယ်ဆေးထိုးနှံခြင်းမဟာဗျူဟာများအတွက် အရေးပါကြောင်း၊ ယင်းသို့ အရှိန်မြှင့်ပို့ဆောင်မှုသည် လာမည့် သုံးလပတ်တွင် Pfizer/BioNTech ကာကွယ်ဆေးများ အီးယူသို့ ပို့ဆောင်သည့် ကာကွယ်ဆေးအရေအတွက် စုစုပေါင်း သန်း ၂၀၀ ကျော်အထိ ရောက်ရှိလာမည် ဖြစ်ကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က အလေးထားပြောကြားခဲ့သည်။
ဥရောပကော်မရှင်အနေဖြင့် တစ်လလျှင် COVID-19 ကာကွယ်ဆေး သန်း ၁၀၀ သို့မဟုတ် ဒုတိယသုံးလပတ်အတွက် ကာကွယ်ဆေး စုစုပေါင်း သန်း ၃၀၀ ပေးပို့ရန် မျှော်မှန်းထားကြောင်း သိရသည်။ထို့ပြင် Moderna မှထုတ်လုပ်သော ထိုးဆေးများဖြစ်သော Pfizer/BioNTech ကာကွယ်ဆေး၊ AstraZeneca နှင့် Janssen ကာကွယ်ဆေးများသည်လည်း ဥရောပ ဆေးဝါးအေဂျင်စီ (EMA) မှ အခြေအနေအရ ဈေးကွက်တင်ရောင်းချခွင့် ရရှိထားကြောင်း၊ ၎င်းတို့အားလုံးမှာ လက်ရှိတွင် အီးယူ၏ ကာကွယ်ဆေးများ စာရင်းတွင် ပါဝင်ကြောင်း သိရသည်။
ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ ဆလိုဗေးနီးယား၊ ဆိုက်ပရက်စ်နှင့် ပေါ်တူကီ စသည့်နိုင်ငံများသည် သွေးခဲစေကြောင်း စိုးရိမ်ပူပန်မှုများဖြစ်ပေါ်မှုကြောင့် AstraZeneca ၏ COVID-19 ကာကွယ်ဆေး အသုံးပြုမှုကို ဆိုင်းငံ့ထားသည့် နိုင်ငံများစာရင်းတွင် ပါဝင်ချိတ်ဆက်လာခဲ့သည်။
EMA အနေဖြင့် ၎င်း၏ ဆုံးဖြတ်ချက်ကို မကြာမီပြုလုပ်ရန် မျှော်မှန်းထားသလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း AstraZeneca ကာကွယ်ဆေး၏ ဘေးကင်းစိတ်ချမှုကို ပြန်လည်သုံးသပ်ရန် လုပ်ဆောင်နေဆဲဖြစ်ကြောင်း မတ် ၁၅ ရက်၌ ပြောကြားခဲ့သည်။ဥရောပကော်မရှင်သည် ယခုနှစ်နွေရာသီအထိ အီးယူရှိ အရွယ်ရောက်ပြီးသူလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ (Xinhua)
——————————————-
(English Version)
Pfizer/BioNTech to accelerate COVID-19 vaccine delivery to EU
BRUSSELS, March 16 (Xinhua) — The European Commission proposed on Tuesday to accelerate the delivery of ten million doses of Pfizer/BioNTech’s COVID-19 vaccine for the second quarter of 2021.
The proposal came on the heels of an agreement with the vaccine manufacturer, but it remains to be approved by the European Union (EU) member states in the joint Steering Board, the executive arm of the EU said in a statement.
The accelerated ten million vaccine doses would be drawn forward from the 100 million doses ordered by the EU in its second contract with Pfizer/BioNTech. This delivery was originally scheduled for the third and fourth quarters of this year.
European Commission President Ursula von der Leyen stressed that the next quarter is critical for the rollout of vaccination strategies in the EU member states. This accelerated delivery will bring the total supply of Pfizer/BioNTech’s vaccines to the EU to over 200 million doses in the next quarter.
“This is very good news. It possibly fill gaps in deliveries,” von der Leyen added.
The European Commission expects 100 million COVID-19 vaccine doses to be delivered per month, or a grand total of 300 million doses for the second quarter.
In addition to the Pfizer/BioNTech vaccine, the jabs produced by Moderna, AstraZeneca and Janssen have also received conditional marketing authorization from the European Medicines Agency (EMA). All these are now in the EU’s vaccines portfolio.
Meanwhile, France Germany, Italy, Spain, Slovenia, Cyprus and Portugal on Monday joined the growing number of countries that have suspended the use of AstraZeneca’s COVID-19 vaccine over blood clot concerns.
The World Health Organization (WHO) said on Monday that it was still conducting its safety review of the AstraZeneca vaccine, while the EMA is expected to make its decision soon.
The European Commission aims to vaccinate 70 percent of the EU’s adult population by this summer. Enditem
Undated photo shows a vial of Pfizer/BioNTech COVID-19 vaccine. (BioNTech/Handout via Xinhua)