Connect with us

Europe

ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းမြင့်တက်လာခြင်းက အင်အားလျော့နည်းလူအုပ်စုများအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်ကြောင်း ပညာရှင်များက သတိပေး

ဘရာဇီးနိုင်ငံ ဘရာဇီးလီးယားမြို့ဆင်ခြေဖုံးတွင် ပဲများ ရိတ်သိမ်းနေသည်ကို ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရောမ၊ မတ် ၇ ရက်(ဆင်ဟွာ)

ယခုကာလများတွင် နိုင်ငံတကာ စားသောက်ကုန်ဈေးနှုန်းမြင့်တက်လာမှုသည် ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးအကျပ်အတည်းဖြစ်နေမှုကို ပိုမို၍ဆိုးဝါးလာစေနိုင်ကြောင်း၊ အထူးသဖြင့် အင်အားလျော့နည်းလူအုပ်စုများ၊ စားနပ်ရိက္ခာအခက်အခဲနှင့်ငတ်မွတ်ခေါင်းပါးသူများအတွက် ပို၍ ဆိုးဝါးနိုင်ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)ဈေးကွက်လေ့လာသုံးသပ်သူ Shirley Mustafaက ပြီးခဲ့တဲ့ရက်များတွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“ကမ္ဘာ့စားသောက်ကုန်ဈေးကွက်က ကိုဗစ်ကပ်ရောဂါ၏သက်ရောက်မှုကို ကျယ်ကျယ်ပြန့်ပြန့်ခံနေရတာပါ။ ကုန်ပစ္စည်းအမျိုးအစားတိုင်းအပေါ် သက်ရောက်မှုပမာဏတော့ မတူပါဘူး။ ဈေးလှုပ်ခတ်မှုကိုတော့ ယေဘုယျပြောလို့ မရပါဘူး။ အသေးစိတ် စိစစ်လေ့လာဖို့ လိုပါတယ်”ဟု Shirley Mustafaက ဆိုသည်။

ဘရာဇီးနိုင်ငံ ဘရာဇီးလီးယားမြို့ဆင်ခြေဖုံးတွင် ပဲများ ရိတ်သိမ်းနေသည်ကို ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

အနာဂတ် ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်း၏ အလားအလာကို Shirley Mustafaက ”စပါးသီးနှံအတွက် FAOရဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာ့တောင်ဘက်ခြမ်း ဂျုံပြောင်းထွက်ကုန်ပမာဏ အစောပိုင်းကာလ မျှော်မှန်းမှုက အလားအလာကောင်းပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် အနာဂတ်ကာလ စားသောက်ကုန်ဈေးနှုန်းကိုတော့ သက်ရောက်မှုရှိနိုင်မယ်။ ဒါက ဈေးကွက်လိုအပ်ချက်အခြေအနေ၊ မူဝါဒ၊ ငွေလဲဈေးအပြောင်းအလဲ၊ ရေနံစိမ်းဈေးနှုန်း စတဲ့အကြောင်းအရာတွေကြောင့် ပါဝင်နိုင်တယ်။ ”ဟု ဆိုသည်။

ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းမြင့်တက်မှုသည် ဖေဖော်ဝါရီလတွင် (၉)လ ဆက်တိုက် ကုန်ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့တွင် သကြားနှင့်ဟင်းရွက်ဆီဈေးတက်မှုက အများဆုံးဖြစ်ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)၏ ဖေဖော်ဝါရီ ၄ ရက် ထုတ်ပြန်သည့် အစီရင်ခံစာများတွင် ဖော်ပြထားသည်။(Xinhua)
…………………………………………
(Chinese Version)
(经济)专家警告全球食品价格上涨或威胁弱势群体
2021-03-07 10:46:13
新华社罗马3月6日电(记者叶心可)联合国粮食及农业组织市场分析人士雪莉•穆斯塔法日前在接受新华社记者书面采访时表示,国际食品价格近期上涨有可能加剧由新冠疫情引起的经济困难,特别是对弱势群体和已遭受粮食危机和饥饿的人而言。
 穆斯塔法说,全球食品市场普遍受到新冠疫情影响,但不同商品受影响的程度不同,价格波动不能一概而论,需要具体分析。
 对于未来全球食品价格走势,穆斯塔法表示,就谷物而言,粮农组织对2021年南半球小麦和玉米产量早期展望乐观。但需要注意的是,很多因素都将影响未来食品价格,包括需求趋势、政策、汇率变动和原油价格走势等。
  粮农组织4日发布的报告显示,2月全球食品价格连续第9个月上涨,其中食糖和植物油价格涨幅最大。(完)
新华社照片,巴西利亚,2021年2月5日
(新华视界)(1)巴西开始全国大豆收割工作
2月4日,收割机在巴西首都巴西利亚郊区的农田里倾倒收割好的大豆。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.