Europe
တူရကီ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရတ် မြောက်ပိုင်း PKK စစ်သွေးကြွ ၆ဦးကို ချေမှုန်းနိုင်
အန်ကာရာ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံ လေတပ်သည် အီရတ်နိုင်ငံ မြောက်ပိုင်းရှိ ကာ့ဒ်အလုပ်သမားများ ပါတီ (PKK) မှ စစ်သွေးကြွ ၆ဦးကို ချေမှုန်းနိုင်ခဲ့ကြောင်း စစ်တပ်က ဇန်နဝါရီ ၂၁ရက်က ပြောကြားသည်။
အီရတ်နိုင်ငံ မြောက်ပိုင်း Zap၊ Sinat-Haftanin နှင့် Hakurk ဒေသများ တွင် တူရကီလေတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ တွစ်တာစာမျက်နှာပေါ်၌ ရေးသားခဲ့သည်။
တူရကီအခြေစိုက် စစ်စခန်းများကို လက်နက်ကိုင်စစ်သွေးကြွများက ဝင်ရောက်တိုက်ခိုက်ရန် စီစဉ်ခဲ့ကြကြောင်း စစ်တပ်ကပြောသည်။
စစ်ဆင်ရေးအတွင်း တူရကီဂျက်လေယာဉ်များက စစ်သွေးကြွများ၏ ကုန်လှောင်ရုံနှင့် နားခိုရာများကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။(Xinhua)