Connect with us

Europe

ရုရှားနိုင်ငံ အနောက်မြောက်ပိုင်းတွင် Tu-22M3 ဗုံးကြဲလေယာဉ်တစ်စီး အရှိန်လွန် ဆင်းသက်ခဲ့ရာ လူ ၂ဦးသေဆုံး

ရုရှား Tu-22M3 ဗုံးကြဲလေယာဉ် များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မော်စကို၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း Murmansk ဒေသရှိ စစ်လေယာဉ်ကွင်းတစ်ခု တွင် ဇန်နဝါရီ ၂၂ရက်က ရုရှား Tu-22M3 ဗုံးကြဲလေယာဉ်တစ်စီး အရှိန်ဖြင့် ဆင်းသက်စဉ် ပျက်ကျခဲ့ရာ လေယာဉ်ပေါ်၌လိုက်ပါလာသော လေယာဉ်အမှုထမ်း ၄ဦးအနက် ၂ဦးသေဆုံးပြီး ကျန်အမှုထမ်း ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်း၌ဖော်ပြခဲ့သည်။

Tu-22M3 လေယာဉ် သည် အစီအစဉ်ရေးဆွဲထားသော လေ့ကျင့်ပျံသန်းမှုတစ်ခု ပြီးစီးပြီးနောက် ဆီးနှင်းများထူထပ်စွာ ကျဆင်းနေစဉ် ခက်ခဲကြမ်းတမ်းစွာ ဆင်းသက်ခဲ့ရကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ သတင်း၌ပါရှိသည်။

Tu-22M3 ဗုံးကြဲလေယာဉ်သည် ခရီးရှည်သွား မဟာဗျူဟာမြောက် တိုက်ခိုက်ရေးလေယာဉ်တစ်စီးဖြစ်ပြီး ၁၉၈၉ခုနှစ် တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ကာ ဆီးရီးယားနိုင်ငံရှိ လေကြောင်းတိုက်ခိုက်မှုများအတွင်း တွင်ကျယ်စွာအသုံးပြုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.