Connect with us

Europe

တူရကီက ရုရှား နှင့် S-400 သဘောတူညီချက် အပေါ် အမေရိကန် သတိပေးချက် မပြုလုပ်ခဲ့ဟုဆို

ရုရှား နိုင်ငံ မှ ထုတ်လုပ်သည့် S-400 လေကြောင်းကာကွယ်ရေး စနစ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ မေ ၂၈ ရက်(ဆင်ဟွာ)

တူရကီ နိုင်ငံက ရုရှား နိုင်ငံထုတ် S-400 လေကြောင်းရန် ကာကွယ်ရေး စနစ်အား ဝယ်ယူခြင်းအား အဆုံးသတ်ရေး အတွက် အမေရိကန် နိုင်ငံက သတိပေးချက် ထုတ်ပြန်ခဲ့သော သတင်းများမှာ မဟုတ်မှန်ကြောင်း တူရကီ ကာကွယ်ရေး ဝန်ကြီး Hulusi Akar က မေ ၂၇ ရက်တွင် ပယ်ချခဲ့ကြောင်း သိရသည်။

အမေရိကန် လိုလားသည့် အတိုင်း မဟုတ်ဘဲ တူရကီ အနေဖြင့် ငြင်းဆန်ထားသော်လည်း တူရကီ အပေါ် မည်သည့် နောက်ဆုံး အချိန်မှ သတိပေးထားခြင်း မရှိသေးကြောင်း ပြည်တွင်း အသံလွှင့် ဌာန Haberturk နှင့် တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် တူရကီ ကာကွယ်ရေး ဝန်ကြီး Hulusi Akar က ပြောကြားခဲ့သည်။

CNBC အသံလွှင့် ဌာနက အမေရိကန် အစိုးရက တူရကီ အစိုးရအား နှစ်ပတ် အတွင်း ရုရှား နိုင်ငံ နှင့် S-400 လေကြောင်းရန် ကာကွယ်ရေး စနစ်အား ဝယ်ယူရန် သဘောတူညီချက်အား စွန့်လွှတ်ရန် သို့မဟုတ် ပါက အမေရိကန်ထံမှ ဝယ်ယူရန် ရှိသော F-35 တိုက်လေယာဉ်များ ဝယ်ယူခွင့် ဆုံးရှုံးမှု ဖြစ်လာနိုင်သည့် ပြစ်ဒဏ်များ ရှိကြောင်း သတိပေးခဲ့သည်ဟု ပြီးခဲ့သည့် အပတ်က ဖော်ပြခဲ့သည်။

တူရကီ ကာကွယ်ရေး ဝန်ကြီး Hulusi Akar က မိမိတို့အနေဖြင့် တာဝန်ရှိသည့် အတိုင်း တစ်နည်းနည်းဖြင့် လုပ်ဆောင် သွားမည်ဟု ပြောကြားခဲ့ပြီး တူရကီ နိုင်ငံက အမေရိကန် နိုင်ငံမှ F-35 တိုက်လေယာဉ်များ အတွက် ပေးချေမှုများ အပြည့်အ၀ ပြုခဲ့ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံက F-35 တိုက်လေယာဉ်များ ပို့ဆောင်မှုအား ရပ်ဆိုင်းထားရန် ခြိမ်းခြောက်ခဲ့ပြီး တူရကီ နိုင်ငံ အနေဖြင့် S-400 လေကြောင်းရန် ကာကွယ်ရေး စနစ်အား ဝယ်ယူခြင်းများ ဆက်လက် ပြုလုပ်ပါက ပိတ်ဆို့ဒဏ်ခတ်မှုများ ခံရနိုင်ကြောင်း သိရသည်။

တူရကီ နိုင်ငံက ရုရှားထံမှ S-400 လေကြောင်းရန် ကာကွယ်ရေး စနစ် ဝယ်ယူမှု၏ ပထမဆုံး အသုတ်ကို ဇူလိုင်လ အတွင်း ပို့ဆောင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.