Connect with us

Europe

ရွှေကမ္ဘာလုံးဆု သုံးခု သိမ်းပိုက်ပြီး အိမ်အပြန်လှခဲ့တဲ့ “The Revenant” ဇာတ်ကား ရွှေကမ္ဘာလုံးဆု အများဆုံး ပိုင်ရှင် ဖြစ်လာ

ရွှေကမ္ဘာလုံးဆု ရရှိသူများအား တွေ့ရစဉ် (ဓာတ်ပုံ- Golden Globes)

လော့စ်အိန်ဂျလစ်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

၇၃ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆု ရုပ်ရှင်ဆု ချီးမြှင့်ခြင်း အခမ်းအနားတွင် “The Revenant” ဇာတ်ကားက အကောင်းဆုံး ဒရာမာ ဇာတ်ကားဆု၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုနှင့် အကောင်းဆုံး ဒါရိုက်တာဆုများ ဆွတ်ခူး နိုင်ခဲ့ပြီး ရွှေကမ္ဘာလုံးဆု အများဆုံး ပိုင်ရှင် ဖြစ်လာသည်။

၁၈၂၀ ပြည့်လွန်နှစ်များက ရက်စက်သော ဝက်ဝံ တိုက်ခိုက်မှု ခံရပြီးနောက် အသက်ရှင် ကျန်ရစ်သော Hugh Glass အမည်ရှိသော နယ်မြေသစ် ရှာဖွေသူ တစ်ဦး၏ ဖြစ်ရပ်အား ဇာတ်အိမ်တည် ရိုက်ကူးထားသည့် “The Revenant” ဇာတ်ကားသည် အကောင်းဆုံး ဒရာမာ ဇာတ်ကားဆု ရရှိခဲ့သလို ခေါင်းဆောင်မင်းသား လီယိုနာဒို ဒီကာပရီယိုက အမျိုးသား ဇာတ်ဆောင်ဆုနှင့် Alejandro Inarritu က အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့သည်။

“ရုပ်ရှင်ကားတိုင်းမှာ အခက်အခဲတွေ ရှိပါတယ်၊ ဒါပေမဲ့ ဒီဇာတ်ကားကတော့ ကျွန်တော့်အတွက် အခက်ခဲဆုံး ခရီး ဖြစ်စေခဲ့သလို အတွေ့အကြုံတွေ အများကြီး ရရှိခဲ့ပါတယ်” ဟု အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့သည့် Alejandro Inarritu ကပြောသည်။

မင်းသား ဒီကာပရီယိုမှာ ယခုဆု အပါအဝင် အကောင်းဆုံး ရွှေကမ္ဘာလုံးဆု သုံးခု ပိုင်ဆိုင်နိုင်ပြီ ဖြစ်သည်။ ယခင်က “The Wolf of Wall Street” နှင့် “The Aviator” ဇာတ်ကားတို့ဖြင့် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုများ ရရှိခဲ့သည်။

“ဒီဇာတ်ကားမှာ ပါဝင်ခွင့် ပေးတဲ့အတွက် ကျေးဇူးတင်သလို ကျွန်တော့် ဘဝတလျှောက်လုံးမှာလဲ ဒီလို အတွေ့ အကြုံမျိုး ဘယ်တော့မှ ရှိမှာ မဟုတ်ပါဘူး” ဟု မင်းသား ဒီကာပရီယိုက ပြောသည်။

အကောင်းဆုံး ဟာသ ဇာတ်ကားဆုကို ဒါရိုက်တာ Ridley Scott ၏ သိပ္ပံ ဝတ္ထု စွန့်စားခန်း ဇာတ်ကား ဖြစ်သော “The Martian” က ရရှိခဲ့သလို အကောင်းဆုံး ဟာသ အမျိုးသား ဇာတ်ဆောင်ဆုကို မတ် ဒေမွန်က ရရှိခဲ့ သည်။ Scott အနေဖြင့် ယခင်က အကောင်းဆုံး ဒါရိုက်တာ အဖြစ် သုံးကြိမ် အမည်စာရင်း တင်သွင်းခံခဲ့ရသူ ဖြစ်သော်လည်း ယခုတစ်ကြိမ်မှသာ ရွှေကမ္ဘာလုံးဆု ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။ မင်းသား မတ်ဒေမွန် အတွက် လည်း ၁၉၉၈ ခုနှစ်ကတည်းက ပထမဆုံး အကြိမ် ရွှေကမ္ဘာလုံးဆု ရရှိခြင်း ဖြစ်သည်။

မင်းသမီး Brie Larson က “Room” ဇာတ်ကား၌ သရုပ်ဆောင် ပီပြင်မှုအတွက် ဒရာမာ ဇာတ်ကားတွင် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ပိုင်ဆိုင်နိုင်ခဲ့သည်။

ဂျနီဖာ လောရန့်စ်ကမူ စီးပွားရေး လုပ်ငန်းရှင် Joy Mangano အကြောင်း အခြေခံ ရိုက်ကူးထားသည့် ဟာသ ရုပ်ရှင် “Joy” ဇာတ်ကား အတွက် ရွှေကမ္ဘာလုံးဆု ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုဆုမှာ လောရန့်စ် အတွက် သုံးခု မြောက် ရွှေကမ္ဘာလုံးဆု ဖြစ်သည်။

Sylvester Stalline သည် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု အဖြစ် “Creed” ဇာတ်ကားဖြင့် ၎င်း၏ ပထမဆုံး ရွှေကမ္ဘာလုံးဆု ရရှိခဲ့သည်။

မင်းသမီး ကိတ်ဝင်း စလတ် က သူမ၏ လေးကြိမ်မြောက် ရွှေကမ္ဘာလုံးဆုအား “Steve Jobs” ဇာတ်ကားတွင် အကောင်းဆုံး ဇာတ်ပို့အဖြစ် သရုပ်ဆောင်နိုင်ခဲ့မှုကြောင့် ဆွတ်ခူးခဲ့သည်။

အသက် ၆၁ နှစ်အရွယ် မင်းသားကြီး Denzel Washington ကတော့ အနုပညာ လုပ်ငန်းတွင် စဉ်ဆက်မပြတ် အောင်မြင်မှု ထိန်းသိမ်းထား နိုင်သူများအား ချီးမြှင့်သည့် 2016 Cecil B.DeMille ဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။ Washington သည် ၁၉၉၀ ခုနှစ်တွင် “Glory” ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသား ဇာတ်ပို့်ဆုအား လည်း ကောင်း၊ ၂၀၀၀ ခုနှစ်တွင် “The Hurricane” ဒရာမာ ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု များ ရရှိခဲ့သည်။

အကောင်းဆုံး ဟာသ ဇာတ်လမ်းတွဲ အတွက်မူ “Mozart in the Jungle” ဖြင့် အမေဇုန် စီးရီးက ဆွတ်ခူးနိုင်ခဲ့ ပါသည်။

“Mr.Robot” ဇာတ်ကားမှာ အကောင်းဆုံး ဒရာမာ ဇာတ်လမ်းတွဲဆု ရရှိခဲ့ပြီး အကောင်းဆုံး တီဗီ ဇာတ်လမ်းတွဲ ဆုကိုတော့ “Wolf Hall” က ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.